The Woman (2011)


Rating : 6.0/10
Country : United state
Genre :  Drama,Horror 
Cast :  Pollyanna McIntosh, Brandon Gerald Fuller, Lauren Ashley Carter
Released Date : 2011
Duration :   1h 41min

အညွှန်း

အရင်ဆုံး ဒီကားလေးကြည့်မယ်ဆိုရင် သတိပေးချင်တာက Chill တဲ့ကားလေးမဟုတ်ပါဘူးနော်။ စိတ်ကူးယဉ်ဇာတ်လမ်းလေးပေမဲ့လည်း အပြင်မှာလည်း ဒီလိုမျိုးတွေရှိနေကြမို့လို့ သွယ်ဝိုက်တဲ့နည်းနဲ့ မိန်းကလေးတွေ အနိုင်ကျင့်ခံရတာကို မီးမောင်းထိုးပြတယ်လို့ မြင်မိပါတယ်။


ဇာတ်လမ်းလေးကတော့ ခရစ် ဆိုတဲ့ ရှေ့နေတစ်ယောက်က အများကြားထဲတော့ ဖော်ဖော်ရွေရွေနဲ့ အပေါင်းအသင်းဆံ့တဲ့လူတစ်ယောက်ပါ။ တစ်နေ့မှာ အမဲလိုက်ရင်းနဲ့ တောထဲမှာ လူရိုင်းဆန်ဆန် မိန်းကလေးတစ်ယောက်နဲ့ တွေ့ပါတော့တယ်။ အဲ့မိန်းကလေးကို အိမ်ကို ပြန်ဖမ်းခေါ်လာရင် းခရစ်တို့မိသားစုရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို စတင်ရိုက်ပြပါတော့တယ်။ ခရစ်ဆိုတာက မိန်းကလေးတွေကို အထင်မကြီး သူပြောရင်းသူ့သဘော အိမ်မှာ ဘုရင်ကြီးလိုနေနေတဲ့သူတစ်ယောက်။ သူ့မိန်းမ ကတော့လည်း ဘယ်တတ်နိုင်ပါ့မလဲနော်။ သားတစ်ယောက် နဲ့ သမီးနှစ်ယောက်က ဘယ်လိုစခန်းဆက်သွားကြပါမလဲ။


ဘာပဲဖြစ်ဖြစ် ပဲ့ကိုင်ရှင်ဖြစ်တဲ့ အမေနဲ့အဖေ တို့က သားသမီးတို့ရဲ့ စံပြဖြစ်ရမယ့်အစား ခံယူချက်အမှားတွေဆိုတော့ ဒီ The Woman ကားလေးကြည့်ရင်း ပရိသတ်ကြီး သက်ပြင်းချလိုက်ပါဦးလို့ လက်တို့လိုက်ပါတယ်နော်။ ။

0 comments:

Post a Comment