The Two Popes (2019)


Rating : 7.6/10
Country : United state
Genre :   Biography, Comedy, Drama 
Cast :  Anthony Hopkins, Jonathan Pryce, Juan Minujín
Released Date : 2019
Duration :  2h 5min

အညွှန်း

၂၀၁၇ ခုနှစ် The Pope အမည်ရပြဇာတ်ကိုမှီငြမ်းရိုက်ကူးထားတဲ့၂၀၁၉ ခုနစ်ထွက် Biological Drama အမျိုးအစားပဲဖြစ်ပါတယ်….The Best Director Award ရရှိထားတဲ့ Fernando Meirelles ရိုက်ကူးထားတဲ့အပြင်IMDB ကလည်း 7.7/10 ရရှိထားတာဖြစ်ပါတယ်ဇာတ်လမ်းအမျိုးအစားကတော့ သူ့ဇာတ်ကားနာမည်အတိုင်း

ပုပ်ရဟန်းမင်းကြီးနှစ်ပါးအကြောင်းပဲဖြစ်ပါတယ်ပုပ်ရဟန်းမင်းကြီ ဘန်နဒစ်နံပါတ်ခြောက်ကရှေးရိုးဆန်ပြီး ခေတ်နောက်ပြန်ဆွဲတဲ့ Conservative တစ်ယောက်ပြီးတော့သူက ဂျာမန်လူမျိုးလည်းဖြစ်နေပါသေးတယ်..ဘုန်းတော်ကြီး ဘာဂိုလီယိုကတော့ ပြုပြင်ပြောင်းလဲရေးသမားအာဂျင်တီးနားလူမျိုးတစ်ယောက်…ကြမ္မာလှည့်ကွက်တွေကြောင့် သူတို့နှစ်ယောက် တွေ့ဆုံကြတဲ့အခါသူတို့နှစ်ယောက်ကြားက မတူညီတဲ့အတွေးအခေါ်တွေ…အပြုအမူတွေနဲ့… လုပ်ရပ်တွေကြားမှာဘယ်သူက တကယ့်ပြောင်းလဲမှုတွေဖန်တီးပေးနိုင်မလဲဆိုတာကိုစောင့်ကြည့်ရမယ့်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်…ဘာသာရေးဆက်နွယ်တဲ့ဇာတ်ကားဖြစ်ပေမယ့်လုံးဝမပျင်းမရိရပဲ ပညာသားပါတဲ့ဒိုင်ယာလော့ဒ်တွေအောက်မှာစီးမျောစေရမယ်လို့အာမခံပါတယ်


 

0 comments:

Post a Comment