Taxiwala (2018)



Rating : 7.0/10
Country : India 
Genre :  Comedy, Horror, Thriller
Cast :  Vijay Deverakonda, Priyanka Jawalkar, Madhunandan
Released Date : 2018
Duration : 2h 17min 
 


 
အညွှန်း



ဒီကားလေးက တမီးလ်နာဒူးပြည်နယ်ကမင်းသားချော ဗီဂျေးရဲ့ 2018 မှာ ထွက်ခဲ့တဲ့ ကားကောင်းတွေထဲက တစ်ကားပါ။


ပထမ ရုံမတင်ခင် အွန်လိုင်းပေါ် ပျံ့သွားခဲ့ဖူးဖူးပေမဲ့ခုချိန်မှ စာအမှန်တက်လာခဲ့တာပါ။


ဇာတ်ကားနာမည်က Taxiwala ။ ဟုတ်တယ်။


နာမည်အတိုင်းပဲ တက္ကစီမောင်းသမားတစ်ယောက်ကြုံတွေ ့ရတဲ့ အဖြစ်အပျက်တစ်ခုအကြောင်းကို ရိုက်ပြထားတာ။


ဘာတွေထူးခြားလဲ။ ဟုတ်ကဲ့. . .


ခေါင်းဆောင်မင်းသားကArjun Reddy တို့ Getha Govinda တို့မှာ သရုပ်ဆောင်တဲ့ နောက်တက်မင်းသား Vijay Deverakonda(ဗီဂျေး ဒီဗာရာကွန်ဒါ) ပါ။


အရှေ့မှာထွက်ခဲ့ဖူးတဲ့ အဲ့ဒီနှစ်ကားကိုခံစားဖူးသူတွေက မင်းသားဗီဂျေးရဲ့ သရုပ်ဆောင်စွမ်းရည်ကို သံသယဖြစ်မယ်မထင်ပါဘူး။


ပုံမှန် အလုပ်လက်မဲ့ ကောင်လေးတစ်ယောက် ဘဝကနေ ဦးလေးဖြစ်သူ အကူအညီနဲ့ ရရာအလုပ်ကိုဝင်လုပ်ရင်းဘယ်လိုမှ အဆင်မပြေတဲ့အချိန်ကြော်ငြာဘုတ်တစ်ခုပေါ်ကတွေ ့တဲ့လစာကောင်း တက္ကစီဒရိုင်ဘာဘဝကိုရောက်ခဲ့ရသူပေါ့။


တက္ကစီမောင်းရင်းနဲ့ အာနူးဆိုတဲ့မိန်းမချောလေးနဲ့လည်း မေတ္တာသက်ဝင်မိကြသေး။


ဒီအကြောင်းတွေကို ဇာတ်ကားရဲ့ပထမပိုင်း နာရီဝက်စာလောက်မှာ ကြည့်ရမှာပါ။


ဒီနေရာလောက်အထိ အချစ်ကားလို့ ထင်မိသွားတယ်။


ဒါပေမယ့် တက်တက်စင်အောင် လွဲပါတယ်။


သူအငှါးမောင်းတဲ့ ကားကတစ်ခါတစ်လေ သရဲခြောက်သလိုထူးခြားဖြစ်စဉ်တွေ ဖြစ်လာတယ်


ဒါဖြင့် သရဲကားလား။ မဟုတ်ပြန်ဘူး ခင်ဗျ။


သရဲကားဆိုရင် ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တွေကို ခေါ်မယ်။ ကားမှာစွဲကပ်နေတဲ့ သရဲတစ္ဆေကို မောင်းထုတ်မယ်။ဇာတ်သိမ်းမယ်။


ဒီလိုဇာတ်လမ်းတွေက ရိုးအီလာလို့ ထင်ပါရဲ့။


တစ်နာရီနောက်ပိုင်းလည်း ရောက်ရော. . .


ဇာတ်လမ်းက ဖြတ်ကနဲ့ သိပ္ပံနယ်လွန်ဘက်ကို ကူးပြောင်းသွားပြန်ရော. . .။


ဝိညာဉ်ခွဲ(အရပ်အခေါ် လိပ်ပြာခွဲ)တာတွေ၊ သိပ္ပံနည်းကျ ကောက်နှုတ်ချက်တွေ၊သဘာဝအလွန်က အဖြစ်အပျက်တွေကမူရင်း ဇာတ်လမ်းကျောရိုးထဲကိုခုန်ပေါက် ကဆုန်စိုင်းပြီး ဝင်လာတယ်။


ဟိုတစ်စ ဒီတစ်စ ဆက်စပ်မရသလိုမျိုးမဟုတ်ဘူးနော်။


မထင်မှတ်တဲ့ ဇာတ်လမ်းအလှည့်မပြောင်းကြောင့် မူလဘူတ ဦးတည်လာတဲ့ဇာတ်လမ်းကျောရိုးကနေဖြောင့်ဖြောင့်ကြီး ခွဲထွက်ပြသွားတာ။


ဇာတ်ကားဟာ ကြောက်မက်ဖွယ်၊ သည်းထိတ်ရင်ဖိုနဲ့ဟာသလေးတွေလည်း နှောထားတဲ့အတွက်ကြည့်ရှုရတာ ပျင်းမနေစေပါဘူး။


မင်းသားနဲ့အတူ ဇာတ်လမ်းကို ပိုလှရှိစေဖို့အားဖြည့်ထားတာကတော့ မင်းသမီးချော ပရီယန်ကာပါ။(ဘောလိဝုဒ်က ပရီယန်ကာမဟုတ်ပါ)


 

0 comments:

Post a Comment