Awe! (2018)


Rating : 7.8/10
Country : India 
Genre :  Thriller 
Cast :  Kajal Aggarwal, Nithya Menen, Srinivas Avasarala 
Released Date : 2018
Duration : 2h 30min 
 


 

အညွှန်း



Awe ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးကတော့ ဘက်စုံပညာပေးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ပိုင်းစီကိုအရင်ပြပြီး နောက်မှ ပြောချင်တဲ့အချက်ကိုမီးမောင်းထိုးပြဖို့ အားလုံးကိုချိတ်ဆက်ပြတဲ့ဇာတ်ကားဖြစ်ပါတယ်။ လူတွေရဲ့ယုတ်မာတဲ့စရိုက်တွေ၊ကိုယ့်ဘာသာအတော်ဆုံးလို့အထင်ရောက်တတ်ကြတဲ့မာနတွေ၊သဘာဝသစ်ပင်ပန်းမန်တွေကိုတန်ဖိုးမထားမှုတွေ၊တစ်ကိုယ်တည်းစိတ်အားငယ်တဲ့အခါကြုံရတဲ့စိတ်ခြောက်ခြားမှုတွေ၊သူများပစ္စည်းမတရားလိုချင်တဲ့လောဘတွေ၊စိတ်ထွက်ပေါက်အဖြစ်မူးယစ်ဆေးသုံးတာတွေ၊သူစိမ်းနဲ့မိသားစုကြားမှာပြဿနာကြုံတဲ့အခါ မှန်မှန်မှားမှာ ကိုယ့်မိသားစုကိုပဲကာကွယ်ချင်တဲ့စိတ်တွေစတဲ့စတဲ့ဇာတ်လမ်းရသတွေပါဝင်ပါတယ်ခင်ဗျ။ကြည့်ရတာလဲရသစုံဖြစ်ပါတယ်။ ဒီကားဟာဆိုက်ကိုပိုင်းလည်းအများကြီးပါပါတယ်။


လူအမျိုးမျိုး စိတ်အထွေထွေဆိုတာရှိပါတယ်။ ဒါပေမယ့် လူတစ်ယောက်မှာ စိတ်အမျိုးမျိုးဖြစ်နေရင်တော့ ဒါဟာရူးတယ်လို့ခေါ်ရမှာပါ။ဒါဆို ဘယ်သူကရောမရူးလို့လဲ။မရူးတဲ့လူဘယ်သူရှိလို့လဲ။လိင်စိတ်၊မျိုးနွယ်စွဲစိတ်၊ရှေးရိုးစွဲစိတ်၊အတိတ်ကိုပြန်တောင့်တတဲ့စိတ်၊ဘဝရဲ့သာယာတဲ့အပိုင်းလေးကိုပဲ ပြန်သွားချင်တဲ့လူတွေရဲ့စိတ်၊ စတဲ့ စိတ်အစွဲတွေကိုမီးမောင်းထိုးပြတဲ့ကားလည်းဖြစ်ပါတယ်။ 

 

0 comments:

Post a Comment