ဒီမှတ်တမ်းရုပ်ရှင်ဟာတော့ တော်တော်ထူးခြားတဲ့ ဘောလိဝုရုပ်ရှင်တကားဖြစ်ပါတယ် ပထမဦးဆုံး ဇာတ်ကားနဲ့မသက်ဆိုင်ပဲ ထူးခြားတာကတော့ ဒီကားကိုထုတ်လုပ်သူ Aamir Khan (from Three Idiots) မှ ဒီမှတ်တမ်းရုပ်ရှင်ကိုရိုက်ကူးရတဲ့ ခံစားချက်တွေကို သီးသန့် မိတ်ဆက်သွားတာ ကို တွေ့ရမှာပါ နောက်တစ်ချက် ထူးခြားချက် ဒီရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့ အပြင် ရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူတွေအကုန်လုံးကသာမန်ရုပ်ရှင် သရုပ်ဆောင်တွေမဟုတ်ပဲ တကယ့်ကာယကံရှင်တွေကိုယ်တိုင် ပါဝင်သရုပ်ဆောင်ရိုက်ကူးထားတာပါ နောက်ထပ်ထူးခြားချက်ကတော့ ဒီမှတ်တမ်းရုပ်ရှင် ဟာ ကွဲပြားခြားနားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း သုံးခုကနေပြီးတော့ အဓိက မီးမောင်းထိုးပြချင်တဲ့ အရာကို ရှေးရှူပုံဖော်သွားခဲ့တာပဲဖြစ်ပါတယ် ဒီအချက်သုံးချက်နဲ့တင် ဒီရုပ်ရှင်ဟာ လက်လွတ်မခံပဲ ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်နေပါပြီ ဇာတ်လမ်းအကျဉ်းချုပ်အနေနဲ့ကတော့
ပထမအပိုင်း ၁၉၈၄-၈၅ ခုနှစ်များတွင် အိန္ဒိယတွင်ဖြစ်ပွားခဲ့သော ဟိန္ဒူလူမျိုးများနှင့် ဆစ်ခ်လူမျိုးများ အကြား ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြီးရဲ့ မြေဇာပင်ဖြစ်ခဲ့ရသူ ကိုးဆက်မြောက် အိန္ဒိယသမ္မတ၏မြေးဖြစ်သူ အဗန်တီက နှင့် မိမိလူမျိုးအတွက် ယုံကြည်ချက်တစ်ခုဖြင့် အရာရာက်ိုစွန့်လွတ်စွန့်စားခဲ့သူ ဒေါက်တာ ကူကီ တို့၏ ဇာတ်လမ်း
ဒုတိယအပိုင်း ၁၉၉၅ခုနှစ်က ခရစ်ယာန်စစ်စတာ တစ်ဦး အသတ်ခံရမှု ၏ တရားခံ ဖြစ်သူ သာမန်လယ်သမား ဆာမန်ဒါ ရဲ့ လှည့်စားခံခဲ့ရမှု အသုံးချခံမှု များနှင့် အသတ်ခံရသော စစ်စတာ၏ ညီမဖြစ်သူ စစ်စတာ ဆယ်မီ တို့ရဲ့ အကြောင်း
တတိယအပိုင်း ၂ဝဝ၈ခုနှစ် မွန်ဘိုင်းမြို့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သော အစ္စလာမ်မစ် အကြမ်းဖက်သမားတို့ရဲ့ လက်ချက်ဖြင့် ခင်ပွန်းဖြစ်သူနှင့် သမီးဖြစ်သူတို့က ဆုံးရှုုံးလိုက်ရတဲ့ အမေရိကန်နိုင်ငံသူ ကီရာတစ်ယောက် အကြမ်းဖက်အယူဝါဒကို မည်သို့မည်ပုံနည်းဖြင့် တွန်းလှဖို့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ကြိုးစားခဲ့ကြောင်း ဆိုတာတို့ကို ကြည့်ရှုရမှာဖြစ်ပါတယ်
ဒီအပိုင်း သုံးပိုင်းစလုံးမှာ မတူညီတဲ့ ဖြစ်ရပ်မှန် ဇာတ်ကြောင်းများဖြင့် ကြည့်ရှူရမယ်ဖြစ်ပြီး သုံးပိုင်းစလုံးက ခွင့်လွှတ်ခြင်း ငြိမ်းချမ်းခြင်း တစ်ဦးအပေါ်တစ်ဦး မေတ္တာ ထားခြင်း တို့ပေါ်လွင်အောင် မှတ်တမ်းရုပ်ရှင်၏ ပေးလိုသော ရသ အပြည့်အဝခံစားရအောင် Aamir Production မှာ ရိုက်ကူးတင်ဆက်သော ဘောလိဝု နိုင်ငံရေး လူမှုရေး ဖြစ်ရပ်မှန် မှတ်တမ်း documentary ရုပ်ရှင်ကောင်းတကားဖြစ်ပါသည်။

0 comments:
Post a Comment