အပျော်စီးသင်္ဘောပေါ်မှာလာအပန်းဖြေကြတဲ့သူငယ်ချင်းအုပ်စု
ပိုက်ဆံစိုက်ထုတ်ထားတဲ့အဖွဲ့ခေါင်းဆောင်ဂျက်နဲ့
သင်္ဘောပေါ်ကစားပွဲထိုးကောင်လေးတို့ဟာ စိတ်အခန့်မသင့်ဖြစ်ကြရင်း မတည့်ကြတော့ဘူး။
ပြီးတော့သင်္ဘောဟာမတော်တဆမီးလောင်သွားတဲ့အခါ
အကုန်လုံးသက်ကယ်လှေပေါ်ဆင်းပြေးကြရင်းရေနစ်တဲ့လူကနစ်၊ကမ်းပေါ်မျောတဲ့လူကမျောပေါ့။
ကောင်လေးနဲ့ ဂျက်ရဲ့မိန်းမဆို့ဟာကျွန်းပေါ်ကိုပထမဆုံးရောက်တဲ့လူတွေဖြစ်ကြတယ်။
ကောင်လေးမန်နူရယ်က ဂျက်ရဲ့မိန်းမဂျန်နီကျု စတွေ့ကတည်းကစွဲလမ်းနေခဲ့ပြီ
းအခုနှစ်ယောက်ထဲကျွန်းပေါ်ရှိနေတဲ့အခါပိုးပန်းစကားတွေပြောတော့တယ်။
တစ်ရက်မန်နူရယ်ရေငုပ်သွားရင်း ဂျက်ကိုသောင်ပေါ်မှာမေ့နေတာတွေ့တော့ကယ်လာခဲ့တယ်။
ဒါပေမဲ့အတ္တကြီးပြီးမိန်းမကိုတအားသဝန်တိုတတ်တဲ့ဂျက်ဟာ မန်နူရယ်ကိုကျေးဇူးမတင်ပဲ မိန်းမလုဖက်လိုသဘောထားတော့တယ်။
ဆက်လက်ပြီးဂျက်နဲ့မန်နူရယ်တို့ဘယ်လိုတိုက်ကြမလဲ။
ဂျန်နီကရော တစ်ချိန်လုံးခနဲ့စကားတွေပြောနေတဲ့ယောက်ျားဆီမှာပဲဆက်နေမလား။#
သူ့အပေါ်ကောင်းတဲ့မန်နူရယ်ဆီပဲသွားမလား။
ဘယ်လိုဆက်ဖြစ််လဲဆိုတာဇာတ်လမ်းထဲမှာပဲကြည့်ကြရအောင်နော့်။

0 comments:
Post a Comment