RX 100 (2018)


Rating : 6.9/10
Country : India 
Genre : Action, Drama, Romance
Cast :   Kartikeya Gummakonda, Payal Rajput, Ramki 
Released Date : 2018
Duration :  2h 33min

အညွှန်း



အချစ်ဟာ နူးည့ံတယ် သိမ်မွေ ့တယ်..နှစ်လိုဖွယ်အတိနဲ ့သူ ့အကြောင်းလေး တွေးနေရရင်ကို အိပ်မပျော်တဲ့ညတွေ…အရာရာကို မေ့လျော့သွားတဲ့ အခိုက်အတန် ့တွေ ရှိတယ်။အချစ်ဦးဆိုရင် ပိုလို ့တောင် ရင်ဖိုဖို ့ကောင်းသေး၊ဒါကြောင့်လည်း ရှေးလူကြီးတွေက “အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူး”လို ့ဆိုရိုး ထားခဲ့ပုံပါပဲ….။


ဒါက ဒီကားထဲက ဇာတ်ကောင်ဖြစ်တဲ့ဆီဗာ့ကိုယ်စား ကျွန်တော် ခံစားမိတာလေးပေါ့။တစ်ဖက်က ကြည့်တော့ကိုယ့်ဘက်က ဘယ်လောက်ပဲ ချစ်ချစ်အချစ်ဆိုတာ ခဏတာအထိအတွေ ့ကို ယစ်မူးရုံလောက်သာ သဘောထားပြီး ယောက်ျားဆိုတာ သူ ့အတွက် ကစားစရာလို ့ သတ်မှတ်ထားတဲ့အင်ဒူးလို မိန်းကလေးတွေလည်း ရှိနေသေးတယ်။ဘယ်ယောက်ျားကို ဘယ်လိုပဲ ကစားကစားပြသနာမရှိပေမယ့် သူ ့ကို ရူးခါနေအောင် ချစ်နေတဲ့ဆီဗာလို အချစ်ရူးတစ်ယောက်နဲ ့တွေ ့တော့အချစ်ဟာ အပျက်အပျက်နဲ ့နှာခေါင်းသွေး ထွက်လာနိုင်တဲ့အနေအထားကို ရုတ်ချည်း ပြောင်းလဲသွားတယ်။


အများကြီး မညွှန်းလိုတော့ပါဘူး၊ကျွန်တော်ကတော့ ဒီကားကို လူငယ်တွေရဲ ့အချစ်ရေးနဲ ့ပက်သက်ပြီးပညာယူသင့်တဲ့ကားလို ့မြင်မိပါတယ်။ကျွန်တော့်ရင်ဘတ်ကို တည့်တည့်ကြီး ထိမှန်သွားတဲ့အချစ်ရူးတစ်ယောက်ရဲ ့ အတ္ထုပတ္တိဆိုရင်လည်း မမှားဘူးပေါ့။


 

0 comments:

Post a Comment