ငွေညှစ်တယ်ဆိုတဲ့ ကိစ္စက
မြန်မာနိုင်ငံမှာတော့ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပေါ့။
တစ်စုံတစ်ယောက်ရဲ့ လှိျု့ဝှက်ချက်ကို မိမိက ချုပ်ကိုင်ထားပြီး မိမိလိုရာကို တောင်းမယ်ပေါ့။ဒီလိုပြောလိုက်ရင် နည်းနည်းများ ဝေးနေဦးမလား၊အိုကေ ထပ်ရှင်းပြတာပေါ့။
ဥပမာ။ ။ သင် ငယ်ငယ်တုန်းက
သင်အမှားတစ်ခုခုလုပ်ထားလို့ အဲ့ဒိအမှားကို သင့်အမေ သင့်အဖေ သို့မဟုတ်
သင့်ဆရာမနဲ့ တိုင်ပြောမှာစိုးလို့ သင့်သူငယ်ချင်းကို မုန့်ဝယ်ကျွေးခဲ့ဖူးသလား၊
အဲ့ဒါဆိုရင် အဲ့ဒီလိုအလုပ်ခံရတာကို
blackmail အငယ်စား အလုပ်ခံရတယ်လို့ ပြောလို့ ရနိုင်တာပေါ့။
ဟုတ်ပြီ၊
ဒီဇာတ်လမ်းမှာလည်း
အိမ်ထောင်ရေးဖောက်ပြန်တဲ့ ယောက်ျားတစ်ယောက်ရယ်၊အသက်ကြီးမှ ကမြင်းကျောထတဲ့ အဖိုးကြီးတစ်ယောက်ရယ်၊ ရိုးသားတဲ့ တက္ကစီဒရိုင်ဘာလေးတစ်ယောက်ရယ်၊နပ်စ်မလေး တစ်ယောက်ရယ်ဟာ
တပြိုင်တည်းလိုလို blackmail အလုပ်ခံရတယ်။တစ်ယောက်နဲ့ တစ်ယောက် ပုံစံချင်းသာ မတူတယ်၊တစ်စုံတစ်ယောက်ရဲ့ သက်သက် ညစ်ပတ်တာကို ခံရတာချင်းတော့ အတူတူပဲ။ဇာတ်ကောင် နည်းနည်းလေးနဲ့
စိတ်ဝင်စားဖို့ ကောင်းလောက်အောင်
အက်ရှင်တွေနဲ့
ဇာတ်အိမ်တည်ဆောက်ထားပုံက အတုယူစရာပါ။ဒီနေရာလေးတော့
ဇာတ်လမ်းက ဒီလိုလာလိမ့်မယ်လို့ မခန့်မှန်းလိုက်ပါနဲ့၊တက်တက်စင်အောင် လွဲပါလိမ့်မယ်

0 comments:
Post a Comment