Pain and Glory (2019)


Rating : 7.5/10
Country : United state
Genre : Drama
Cast :  Antonio Banderas, Asier Etxeandia, Leonardo Sbaraglia
Released Date : 2019
Duration :  1h 53min

အညွှန်း

ဒီဇာတ်ကားလေးကတော့ စပိန်မှာရှိတဲ့ ဇာတ်ညွန်းရေးဆရာတစ်ယောက်လည်းဖြစ် ဒါရိုက်တာတစ်ယောက်ရဲ့ ကိုယ်ရေးအကျဉ်းလိုပုံစံမျိုးလေးကိုတင်ဆက်ထားတဲ့ စပိန်ကားကောင်းလေးဖြစ်ပါတယ်။


ဇာတ်လမ်းနဲ့ဇာတ်ညွန်းကိုလည်း ဒါရိုက်တာ ကိုယ်တိုင်ကရေးစပ်ရိုက်ကူးပြီးတော့ မင်းသားကတော့ ကျွန်တော်တို့ရဲ့မင်းသားဟောင်းကြီး The mask of Zorro နဲ့ Once upon in time in maxicoထဲက မင်းသား‌ကြီး Antonio Banderas နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ ။


ဇာတ်ကားအညွန်းလေးကတော့

အရမ်းချစ်တဲ့အလုပ်ကိုခါးကိုက် ခေါင်းကိုက် ဝေဒနာ ကြောင့်မလုပ်နိုင်တော့ တဲ့ စာရေးဆရာ ဒါရိုက်တာတစ်ဦးရဲ့ ခံစားရတဲ့ခံစားချက်နဲ့ ဘိန်းဖြူကို ဝေဒနာပျောက်ကင်းဖို့အတွက်သုံးပြီး အလုပ်ကိုလက်လွတ်ထားပါတယ်။ ပြီးနောက် ကိုယ့်ရဲ့ချစ်တဲ့သူကိုလည်း သူ့ရဲ့အလုပ်ကြောင့်နဲ့ပစ်ထားမိလိုက်လေခြင်းဆိုတဲ့ အပြစ်တစ်ခုနဲ့ ခံစားနေရပြီး ဝေဒနာတွေကို ပါစပ်နဲ့ထုတ်မပြောချင်လို့ စာအဖြစ်ရေးသားထားပါတယ်။


ငယ်စဉ်အရွယ်ကဖြတ်သန်းခဲ့ရတဲ့ အမေနဲ့ အခိုက်အတန့်လေးတွေကိုပြန်ကာမြင်ယောင်ရင်း အမေဆုံးပါးသွားတဲ့အချိန်မှာ အလုပ်ကြောင့် အမေ့ကျေးဇူးအားမဆပ်နိုင်လိုက်ခဲ့လေခြင်းဆိုတဲ့ အပြစ်ရှိ ခံစားနေရပါတယ်။ အဲဒီလိုဝေဒနာတွေအကုန်လုံးကို သူ့အနေနဲ့ဘယ်လိုခွန်အားတွေနဲ့ ဘယ်လိုတိုက်ခိုက်မလဲဆိုတာကိုတော့……. 


 

0 comments:

Post a Comment