Okka Kshanam (2017)


Rating : 7.0 /10
Country : India 
Genre :   Action, Romance, Thriller 
Cast :   Allu Sirish, Surabhi, Srinivas Avasarala 
Released Date : 2017
Duration :   2h 30min

အညွှန်း




စိတ်ဆိုတဲ့ အရာဟာ သိပ်ကိုဆန်းကျယ်တယ်အထူးသဖြင့် တမလွန်ကူးပြောင်းနေတဲ့ စပ်ကြားအချိန်တွေမှာပေါ့ရုတ်တရက် ကား တိုက်သေသွားလို့မကျွတ်လွတ်နိုင်တဲ့ နာနာဘာဝတွေ အကြောင်းကြားဖူးမှာပါ


စွဲလမ်းမှုလေးတစ်ခုကြောင့် ဘယ်ဘုံဘဝမှမကူးနိုင်ပဲ အဲ့စွဲလမ်းမှုလေးနောက်တကောက်ကောက် လိုက်နေရတဲ့သူတို့ဘဝကသေချာစဉ်းစား ကြည့်ရင်ကြောက်ဖို့ကောင်းပေမယ့်လို့သနားစရာပါ ကဲ ဇာတ်လမ်းလေးကတော့ ရှာရတ်ဆိုတဲ့စာရေးဆရာတစ်ယောက်မှာ သူသိပ်ချစ်တဲ့ဇနီးသည်လေးရှိတယ်ပေါ့ အဲ့ဇနီးသည်နဲ့သူညအိပ်ပြီဆိုတိုင်းတစ်ခုမ ဟုတ်တစ်ခုကဖြစ်တော့တာပဲအဆိုးဆုံး ကတော့ သူ့မိန်းမဗိုက်တွေထထအောင့် တတ်တာပဲဆေးတွေလဲစုံ သမားတော်တွေ လဲ စုံပြီးကြံရာမရတော့တဲ့ရှာရတ်ကြီး တစ်ယောက် သူ့အမျိုးထဲကအရွှတ်ခ်ဆိုတဲ့ သူငယ်ကိုသွားသတိရမိလေရဲ့အရွှတ်ခ်ကဗေဒင်နက္ခတ်လက္ခဏာဗေဒတွေကိုအတိုင်းတာတစ်ခုထိလိုက်စားဖူးထားတာကိုးအရွှတ်ခ်နဲ့သူ့မရီးဖြစ်သူ ပေးတွေ့ပြီးနောက် ပိုင်မြုပ်ကွယ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ကိုယ့်ဘာသာပဲ download လုပ်ပြီးကြည့်ရှုခံစားကြည့်ကြပါ ဒီဇာတ်ကားလေးဟာ thriller ဆိုတာထက် drama ဘက်ကိုပိုအလေးပေးသွားမယ့်ကားပါ ကုလားကားဆိုတဲ့အတိုင်းသီချင်းတွေကတော့ပြောစရာမရှိဘူး plot ကလဲ twist ဖြစ်မလိုလိုနဲ့ နဲနဲပေါ့တယ်မြင် မိတယ်ဒါကတော့ personal view ပါသရဲကားဆိုတာထက်drama ဘက်ကိုပိုဇောင်းပေးထားလို့ ထူးထူးခြားခြားခြောက်လှန့်တာတွေတွေ့ရမှာမဟုတ်ပါဘူးဇာတ်လမ်းကရှည်ပေမယ့် ပျင်းဖို့တော့မကောင်းဘူးတစ်ကားလုံးစိတ်ဝင်တစားနဲ့ကြည့်သွားရမယ်တကယ်လဲ စိတ်ဝင်စားဖို့ကောင်းပါတယ် ending ပိုင်းမှာတော့သရဲကားတိုင်းနဲ့မတူတဲ့ ending ပါသူ့ဟာနဲ့သူတော့ အတော်လေးအဆင်ပြေ တဲ့ကားပါဒါ့ကြောင့် လဲ IMDb မယ် rating 7.8 ရထားတာပေါ့နောက်ပိုင်းသရဲကား တွေမှာ အခုလိုကွဲထွက်တာလေးတွေပိုပို တွေ့လာရပါတယ်မတူညီတဲ့ရသနှစ်ခုကို တပြိုင်တည်းခံစားချင်သူတွေအတွက်သေးထွက်အောင်ကြောက်စရာမကောင်း တဲ့သရဲကားကောင်းကောင်းကြည့်ချင်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့် တဲ့ကားပါ 

 

0 comments:

Post a Comment