2017 တုန်းက ထွက်ခဲ့တဲ့ Hello ဆိုတဲ့ အချစ်အက်ရှင်ကားလေးကို မှတ်မိကြဦးမယ် ထင်ပါတယ်။
ကြည့်တဲ့သူတိုင်းကို မျက်ရည်ဝိုင်းစေတဲ့ ဇာတ်ကားကောင်းလေးပေါ့။
လာပါပြီ နောက်တစ်ကား....
ဒီကားလေးက တောင်ပိုင်းမင်းသားချော Ram ရဲ ့ အသစ်စက်စက် ထွက်ရှိလာတဲ့ အချစ်ဟာသကားလေးပါ။
ထူးခြားတာက. . .အိန္ဒိယကား တော်တော်များများမှာ လူဆိုး လူမိုက် လူတွင်ကျယ်အဖြစ် ခေါက်ရိုးကျိုးအောင် သရုပ်ဆောင်ခဲ့ရတဲ့ လူကြမ်းသရုပ်ဆောင်Prakash Raj ရဲ ့ အားရစရာကောင်းတဲ့ သရုပ်ဆောင်ဟန်ပါ။
မင်းသားချော Ram က အချစ်အက်ရှင်ကားတွေနဲ ့ထိုးဖောက်နေသလို လူကြမ်းသရုပ်ဆောင်ကြီး Prakash ကဒီကားမှာ သမီးဖြစ်သူကို စိတ်မချတဲ့ ဖအေတစ်ယောက်အနေနဲ ့ သရုပ်ဆောင်ထားတာပါ။
လူကြမ်းဇာတ်ရုပ်ကို လူအများ ရွံစရာဖြစ်အောင်အမြင်ကပ်စရာဖြစ်အောင် သရုပ်ဆောင်တတ်သလိုဒီလို တမူထူးခြားတဲ့ ဇာတ်ရုပ်မှလည်း Prakash ဟာ ဆရာကျနေဆဲဖြစ်ပါတယ်။
ကျွန်တော်တော့ ဒီကားမှာ မင်းသားမင်းသမီးထက်Prakashကို တအားကြိုက်သွားပါတယ်။
" ဇာတ်လမ်းအကျဉ်း "
ဆန်ဂျူးဆိုတာက မိဘနှစ်ပါးက အလိုလိုက်ထားလို ့ရပ်ကျော်ရွာကျော်လုပ်နေတဲ့ ခပ်ဆိုးဆိုး ခပ်ပေပေ လူငယ်လေးဖြစ်ပါတယ်။
တစ်နေ ့တော့ မိဘတွေရဲ ့ဆန္ဒအရ အလုပ်လုပ်ဖို ့အတွက် ဟိုက်ဒရာဘတ်က Prakash တို ့အိမ်မှာ သွားနေရပါတယ်။
Prakashနဲ ့ သူ ့အမေက ငယ်သူငယ်ချင်းတွေမို ့Prakash အိမ်မှာ နေရင်း အလုပ်လုပ်ရင်းပေါ့။
Prakash ရဲ ့ဇာတ်ကောင်နာမည်က ဗစ်ရှ်ဝါနာ့သ်တဲ့။
ဗစ်ရှ်ဝါက လူတစ်မျိုးဗျ။
သူ ပေးထားတဲ့ ကတိတစ်ခုကို ဘယ်လိုနည်းနဲ ့မဆို ထိန်းသိမ်းတတ်တဲ့ လူမျိုး။
သူ ့မှာ ဆန်ဂျူးနဲ ့ရွယ်တူ သမီးလေးတစ်ယောက် ရှိသေးတယ်။အာနူးတဲ့။အင်ဂျင်နီယာ ကျောင်းသူလေးပေါ့။
မောင်မင်းကြီးသား ငပွေးဆန်ဂျူးနဲ ့ အာနူးတို ့က လာလာချင်း ဆောက်နဲ ့ထွင်းဆိုသလိုပဲဆန်ဂျူးမြို ့ကို တက်လာတဲ့နေ ့မှာပဲ ရထားပေါ်မှာ ရန်ဖြစ်လာကြသူတွေ။
ဒီတော့ တစ်အိမ်တည်းမှာသာ အတူနေကြတာ. . .
တစ်ယောက်ကိုတစ်ယောက် ကြည့်လို ့ရတဲ့သူတွေ မဟုတ်ဘူး။
သို ့ပေမယ့် ဆန်ဂျူးက အာနူးကို နေ ့စဉ် ဆိုင်ကယ်နဲ ့ကျောင်းကို လိုက်ပို ့ပေးရတယ်။အနေနီးလာတော့ သံယောဇဉ်ဖြစ်လာရင်းကနေ
အမောင် ဆန်ဂျူးရဲ ့ မသိစိတ်မှာ အာနူးဆိုတဲ့ အချစ်ကြိုးလေးက လာပြီးငြိတွယ်မိတယ်။
ကိုယ်တိုင်က မသိပေမယ့် အာနူးကို အိမ်ထောင်ချပေးဖို ့အတွက်သူ ့ဖခင်ကြီး ဗစ်ရှ်ဝါက သူ ့မိတ်ဆွေတစ်ယောက်ရဲ ့သားနဲ ့
လူကြီးချင်း စကားပြောလာပြီးတဲ့
အချိန်ကျမှ...ဆန်ဂျူးဟာအာနူးကို ချစ်မိနေပြီဆိုတာ သိလိုက်ရတယ်။
ဒီကြားထဲမှာ ဗစ်ရှ်ဝါနဲ ့ ဆန်ဂျူးတို ့က အချင်းချင်း ရင်ဖွင့်ကြရင်း ဆန်ဂျူးဟာ ဗစ်ရှ်ဝါဆီကကတိတစ်ခုတောင်းတယ်။
သူ ့သူငယ်ချင်းအဖြစ် တစ်လတိတိ နေပေးပါ့မယ်ဆိုတဲ့ ကတိ။
ဗစ်ရှ်ဝါ့ဆီက ကတိရပြီဆိုမှ ဆန်ဂျူးက သူဟာ အာနူးကို ချစ်မိနေပြီဆိုတဲ့အကြောင်း၊သူ ့ကို သူငယ်ချင်းအဖြစ်နဲ ့ကူညီပေးရမယ်ဆိုတဲ့အကြောင်း ဗစ်ရှ်ဝါ့ကို ချုပ်ကိုင်တော့တယ်။
စဉ်းစားကြည့်ဗျာ။
လူကြီးချင်းစကားကျွံထားပြီဖြစ်တဲ့ သမီးရဲ ့အချစ်ကိုမောင်မင်းကြီးသား ဆန်ဂျူးက လိုချင်သတဲ့။
ကိုယ့်ကတိနဲ ့ကိုယ်မို ့ ဆန်ဂျူးခိုင်းသမျှ ဗစ်ရှ်ဝါ လိုက်လုပ်ရ၊တစ်ဖက်က သူ ့သမီးကို ဆန်ဂျူးနဲ ့ မနီးစပ်အောင် တစ်မျိုးတစ်ဖုံ ကြိုးစားရနဲ ့ ဗစ်ရှ်ဝါ့အဖြစ်က ဆုပ်လည်း စူး၊စားလည်း ရူးဖြစ်နေရတယ်။
ဒီကားလေးမှာတစ်ကားလုံး လုံးဝ မပျင်းရအောင် ဆန်ဂျူးနဲ ့ ဗစ်ရှ်ဝါတို ့ရဲ ့အားပြိုင်မှုကို ကြည့်ရမှာ ဖြစ်သလို....၊Hello လို ရင်ထဲမှာ တသသဖြစ်ကျန်ရစ်မယ့် အချစ်ကားလေးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ သူတွေအတွက် အမှတ်တရတစ်ခု အဖြစ် ယူဆောင်လာပေးမယ့် ကားလေးတစ်ကား ဖြစ်ပါကြောင်း...။

0 comments:
Post a Comment