Mookuthi Amman (2020)


 

Rating : 6.7/10
Country : India
Genre : Comedy, Drama, Fantasy 
Cast : Nayanthara, RJ Balaji, Urvashi 
Released Date : 2020
Duration : 1h 48min

အညွှန်း
တမီလ်နာဒုပြည်နယ်လေးမှာ သတင်းထောက်ကောင်လေးတစ်ယောက်ဟာ သူ့ရပ်ရွာကို အဓမ္မသိမ်းပိုက်ချင်နေတဲ့ လူလိမ်အဖွဲ့အစည်းတွေကို ဖော်ထုတ်ဖို့ နှစ်ရှည်လများ ကြိုးစားနေခဲ့တယ်။
အစ်ကိုကြီးအဖရာဆိုတဲ့အတိုင်း ငယ်ရွယ်စဉ်ကတည်းက ဖခင်က စွန့်ပြစ်သွားလို့
ညီအစ်မ၃ယောက်နဲ့အတူ မိခင်အိုကြီးကို လုပ်ကျွေးနေရတယ်။
မိသားစုတွင်း ကံကလည်း ဆိုးလိုက်ပုံများ အသက်ကဖြင့်ဖင်စောင့်နေပြီ သွားကမ်းလှမ်းသမျှကြင်ဖက်တိုင်းက ငြင်းခံနေရတုန်း…
ဒီလိုနဲ့ လူကြီးသူမများက ကိုယ်ကိုးကွယ်တဲ့ အိမ်တွင်းနတ်ဘုရားကျောင်းမှာ သွားဆုတောင်းလိုက်ရင် ပြဿနာတွေအားလုံး ပြေလည်သွားမယ်လို့ အကြံပေးလိုက်တယ်…
သူတို့ဘုရားကျောင်းကို ရောက်တဲ့ညမှာပဲ နတ်ဘုရားကိုယ်တိုင် ကိုယ်ထင်ပြလာပြီး အပေးအယူလုပ်ခဲ့တယ်။
ကဲ..ဒီလူပျိုကြီး နတ်ဘုရားမလေးနဲ့ လုပ်ခဲ့တဲ့ အပေးအယူက ဘာများဖြစ်မလဲ
တစ်ဖက်မှာလည်း ဘုရားကျောင်းကို အပိုင်စီးပြီး လိမ်စားနေတဲ့ ဘာဘာကြီးဆိုသူ ပေါ်လာတဲ့အခါ ဘယ်လို ချေပတုန့်ပြန်မလဲဆိုတာကိုတော့ ဆက်လက် ရှုစားပေးပါဦးခင်ဗျာ။

0 comments:

Post a Comment