( 18+ လို့ခေါင်းစဉ်တပ်ထားတိုင်း အပြာကားလို့မထင်စေချင်ပါဘူးရုပ်ရှင်ကားရဲ့ Age Rating အရဆို Adult Only ဆိုတော့ အရွယ်ရောက်ပြီးသူတိုင်း ကြည့်ရှု့လို့ရပါတယ်ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ လိင်အသာပေးအခန်းတွေပါတာကြောင့် ကလေးသူငယ်တွေ၊ မိသားစုနဲ့ကြည့်ရှု့ဖို့ အဆင်မပြေပါဘူး)========================================ဟောဒီလောကမှာ အကျိုးအမြတ်နဲ့ အရှုံးဟာ ဆန့်ကျင်ဘက်ဆိုပေမယ့် အမြဲတမ်းပူးတွဲရှိနေတတ်ပါတယ်ဒီတော့ အမြတ်ရဖို့ဆိုရင် အရင်းအနှီးရှိရပါတယ်၊ ရင်နှီးနိုင်လျှက်ရှုံးရသည်က တကဏ္ဌပါ
မရင်းနှီးနိုင်ရင်တော့ အကျိုးမြတ်မရနိုင်တာ လုံးဝအသေချာပါပဲဒီတော့ ရင်းနှီးဖို့ဘာလိုလာမလဲဆို ပိုင်ဆိုင်မှုလိုလာပါမယ်ပိုင်ဆိုင်မှုမရှိရင် အရင်းအနှီးဟာ အကြွေးဘက်ကို ဦးတည်သွားတတ်လေတယ်ဒီခေတ်မှာ မရင်းနှီးနိုင်လို့ ရှုံးနေကြတာအများကြီးမရင်းနှီးနိုင်လို့ အကြွေးတင်နေကြတာအများကြီးပါအသိပညာချို့တဲ့ပြီး ဆင်းရဲချွတ်ခြုံကျနေတဲ့ မိသားစုတွေမှာ အရင်းအနှီးဆိုတာ ဘာဖြစ်လေမလဲ …၉၀ ရာခိုင်းနှုန်းကတော့ သူတို့သားသမီးပါပဲသားသမီးကို ကိုယ့်ပိုင်ဆိုင်မှု တစ်ခုလို့ယူဆပြီး အဲ့ဒီအပေါ်မှာ ရင်းနှီးလိုက်ကြပေမယ့် အကျိုးအမြတ်မရမယ့်အပြင် ဆုံးရှုံးသွားတာ ဒုနဲ့ဒေးပါတောရွာတွေမှာဆို ပညာသင်ရမယ့် အရွယ်ရောက်နေပေမယ့် လယ်ထဲဆင်းနေရတာ၊ မအေနဲ့စျေးအတူရောင်းနေရတာတွေကိုယ့်အောက်က အငယ်ကိုထိန်းကျောင်းနေရတာတွေ မနည်းလှပါဘူးနောက်ဆုံး အဆင်မပြေမှုတွေများလာတဲ့အခါ ထွက်ပေါက်တစ်ခုက ဒီသားသမီးကို ရရာအလုပ်ခိုင်းတော့တာပါပဲ …အခုဇာတ်ကားလေးကလည်း ဒီလိုပါပဲဆင်းရဲလွန်းတဲ့ မိသားစုတစ်စု တပိုင်တနိုင် လယ်လေးတကွက်နဲ့ မိသားစုဝင်လေးယောက်နွားတောင် နှစ်ကောင်မပြည့်လို့ ဖအေဖြစ်သူကနွားတစ်ဖက်သူတစ်ဖက်ရုန်းနေရရှာတယ်ကူဖော်လောင်ဖက်လှည့်ကြည့်စရာကလည်း သမီးနှစ်ယောက်ပဲရှိတယ်အဆင်မပြေမှုတွေများလာတဲ့အခါ ဒေါသပုံချစရာ သူတို့ပဲရှိတယ်အကြွေးကလည်ပင်းထိနေလို့ အကြွေးရှင်ကိုလည်း ဘယ်နည်းနဲ့မှ အကြွေးမဆပ်နိုင်ဖြစ်နေတော့ရှိတဲ့သမီးနှစ်ယောက်ထဲက အကြီးမဖြစ်သူ ပရီတီးကို မွန်ဘိုင်းမြို့ပေါ်မှာအလုပ်ပေးမယ်ဆိုပြီး မိန်းမတစ်ယောက် ခေါ်ရာထည့်ပေးလိုက်ရပါတော့တယ်တွယ်တာစရာ ဒီညီအစ်မနှစ်ယောက်သာရှိတာဆိုတော့အချိန်တွေကြာလာပြီး ပရီတီးဆီက စာမလာသတင်းမကြားဖြစ်လာတဲ့ခါအိမ်ကိုအသိမပေးဘဲ အငယ်မဖြစ်သူ ဆိုနီယားလည်း သူ့အစ်မဆီပို့ပေးဖို့ သွားပြောပါလေရောသူ့အစ်မဆီပို့ပေးမယ်ဆိုပြီး ခေါ်ရာလိုက်သွားမိတဲ့ ဆိုနီယားတစ်ယောက် ဘာတွေကြုံတွေ့လာရမလဲ …ဖြစ်ရပ်မှန်ကို အခြေခံထားတာနဲ့အညီ ဇာတ်လမ်းကောင်းမေကာင်းကတော့ ညွှန်းနေစရာကို မလိုလောက်အောင်ပါပဲ …အဓိကသရုပ်ဆောင်နေရာမှာ မျက်နှာသစ်တွေသုံးထားပေမယ့်
Richa Chadda
Rajkummar Rao
Manoj Bajpai တို့လိုဘောလီဝုဒ် နာမည်ကျော် သဘာဝသရုပ်ဆောင်တွေကပါ ပါဝင်အားဖြည့်ထားပါတယ်နိုင်ငံတကာ အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDb 7.3/10 နှင့် Rotten Tomatoes 83% တို့အသီးသီးရရှိထားပါတယ်

0 comments:
Post a Comment