Baazaar (2018)


Rating : 6.6/10
Country : India 
Genre :  Crime, Drama, Thriller 
Cast :  Radhika Apte, Saif Ali Khan, Chitrangda Singh 
Released Date : 2018
Duration :  2h 17min

 

အညွှန်း



Baazaar ဆိုတာ အိန္ဒိယအခေါ်အရ စျေး ၊ စျေးကွက်ပေါ့....


ဟုတ်ပါတယ်


စျေးဆိုတဲ့အတိုင်း ရောင်းသူရှိမယ် ဝယ်သူရှိမယ်


စျေးအပြိုင်တင်တာ ချတာတွေ အပြင်ရောင်းသူ ဝယ်သူနှစ်ဦးကြားက ပင်မဦးတည်ရာ အရှုံးနဲ ့အမြတ်ဆိုတာလည်း ရှိမှာပေါ့....


ဒီဇာတ်ကားကြည့်ပြီးတော့ တွေးစရာတွေက ခေါင်းထဲမှာ အစပေါင်းများစွာ ထွက်လာတယ်...


ဘဝသရုပ်ဖော်လို ့ပြောရမလား


စီးပွားရေးလောက အကြောင်း ၊ စတော့ရှယ်ယာစျေးကွက်အကြောင်းလား


ဒါမှမဟုတ် ကြီးပွားချမ်းသာချင်တဲ့ လူငယ်လေးတစ်ယောက်အကြောင်းပဲလား...


ကိုယ်လိုချင်သလို ယူလို ့ရပေမယ့်ကျွန်တော့်အတွက်က ရသစုံ ပါဝင်နေတဲ့ ဟင်းလေးအိုးကြီးတစ်ခုလိုပါပဲ....


ဟိုးငယ်စဉ်ကတည်းက ဘဝကို ချို ့ချို ့တဲ့တဲ့ နေလာခဲ့ရတဲ့ရှာကွန်းကိုသာရီ.....


မိဘရဲ ့လောင်းရိပ်အောက်ကနေ ထိုးထွက်ပြီးအလင်းရောင်ရှိမယ်ထင်တဲ့ မွန်ဘိုင်းမှာ အခြေချပြီးဘဝကို တက်လမ်းရှာချင်နေသူ လူငယ်လေး ရီဇ်ဝမ်အာမက်....


မြို ့ပြရဲ ့လူနေမှုစရိုက်တွေကြားမှာသိက္ခာနဲ ့ငွေကို အလဲအထပ်လုပ်နေမိတဲ့ မိန်းကလေး ပရီယာရိုင်း...


ဒီဇာတ်ကောင် သုံးခုက ဒီဇာတ်လမ်းရဲ ့ပင်စည်ဆိုရင်ပြိုင်ဘက်ကုမဏီအုပ်စုတွေ ၊ သူတို ့မိသားစုတွေအကြောင်းနဲ ့စတော့ရှယ်ယာစျေးကွက်အကြောင်းတွေက ဒီဇာတ်လမ်းရဲ ့အကိုင်းအခက်တွေလို ့ပြောရမှာပါ....


ကျွန်တော်ဒီလောက်ပဲ ညွှန်းပါရစေ....


၂၀၁၈ ခုနှစ်ထွက် ဘောလိဝုဒ်ကားတွေထဲမှာဒီကားဟာ မကြည့်မဖြစ် ကြည့်သင့်တဲ့ကားစာရင်းမှာပါတယ်လို ့ပြောရင်တောင် လွန်မယ် မထင်ပါဘူး ခင်ဗျာ။

 

0 comments:

Post a Comment