Kothaga Maa Prayanam (2019)


Rating : 6.9/10
Country : India 
Genre :   Comedy, Drama, Romance
Cast : Yamini Bhaskar, Priyanth
Released Date : 2019
Duration : 2h 16min

 

အညွှန်း



ဒီဇာတ်ကားလေးကအချစ်နဲ့မေတ္တာတရားရဲ့အဓိပ္ပါယ်ကိုထောင့်စေ့အောင်ရိုက်ထားတာဖြစ် ပါတယ်။


ဇာတ်လမ်းအရ “ကာရ်သစ်” ဆိုတဲ့ဆော့ဝဲ အင်ဂျင်နီယာ တစ်ယောက်ဟာ အချစ်ဆိုတာကို မယုံကြည်။လက်ထပ်တယ်ဆိုတာကိုကန့်သတ်ချက် ကြီးလိုသဘောထားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။မိန်းကလေးတွေကိုပျော်ပါးဖို့ သာယာဖို့ လိုအပ်ချက်် သက်သက်အတွက်ပဲဲတွဲတဲ့သူဖြစ်ပါတယ်။ မိန်းကလေး တွေကိုအထင်သေးတဲ့ အမြင်မျိုးလည်း မဟုတ်ပါ။ဘဝကိုအချုပ်အနှောင်မရှိ၊ပျော်ပျော်ပဲ ဖြတ်သန်းလိုသူဖြစ်ပါတယ်လူ့ဘဝဆိုတာကိုယ့်ဆန္ဒကိုပဲအကောင်အထည်ဖေါ်ရတဲ့ပတ်ဝန်းကျင်လို့အ ပြည့်အဝယုံကြည်ထားတဲ့သူပါ။ ကိုယ့်လွတ်လပ်ခွင့်ကို အိမ်ထောင်ဆိုတဲ့သတ်မှတ်ချက်အရရော ချစ်သူရည်းစားဆိုတဲ့သတ်မှတ်ချက်အရတော့ အထိခိုက်မခံတဲ့သူပါ။ချစ်သူမဟုတ်၊လင်နဲ့မယား အနေနဲ့မဟုတ်ဘဲ ယောက်ျားနဲ့မိန်းမဟာ အချင််းချင်းနားလည်မှုယူပြီးအတူနေနိုင်တယ်လို့ ယုံကြည်ထားသူဖြစ်ပါတယ်။တစ်ယောက်ကတစ်ခြားတစ်ယောက်ကိုအောက်ကျို့ခံပြုစုဖို့မလို။နားလည်မှုအရ တစ်ယောက်နဲ့ တစ်ယောက် ဖြည့်ဆည်းတာ ကလွဲလို့ မေတ္တာခံစားချက်မပါပဲ အတူနေလို့ရတယ် လို့ သူယုံကြည်ထားတာပါ၊


ဒီလိုrelationshipမျိုးရဲ့ ချို့ယွင်းချက်တွေက ဘာတွေဖြစ်လာမလဲ၊ဒီအတူနေစနစ်ကိုကျင့်သုံးတဲ့ လူမှုပတ်ဝန်းကျင်မှာရော ဘယ်လိုချို့ယွင်းချက်တွေဖြစ်လာသလဲဆိုတာကို မီးမောင်းထိုးပြတဲ့ဇာတ်ကားဖြစ်ပါတယ်။


လက်ထပ်ထိန်းမြားပြီးမှအတူနေတာကိုအလေးထားတဲ့ အရှေ့တိုင်းအမြင်နဲ့၊နားလည်မှုသာ အဓိကကျပြီး လက်ထပ်ဖို့မလိုဆိုတဲ့အနောက်တိုင်းဆန်တဲ့စရိုက်သဘာဝကြားကကွာခြားချက်ကိုအမိအရတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်ခင်ဗျ။တကယ်ကိုကြည့်ထိုက်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်ခင်ဗျ။


ဒါပေမယ့်ဇာတ်ကားကနုရွနေတဲ့ဇာတ်ဝင်ခန်းတွေချည်းပဲမဟုတ်ပါဘူး။ကြမ်းတာရမ်းတာလည်းပါသလို၊ဟာသဇာတ်ကွက်တွေလည်းပါဝင်အားဖြည့််ထားပါတယ်။ဒီဇာတ်ကားမှာ အချစ်ဆိုတာကိုရှုမြင်တဲ့နေရာမှာ လူငယ်ပိုင်း၊လူကြီးပိုင်းနဲ့၊ခေတ်အခြေအနေဆိုပြီး သုံးပိုင်းခွဲလို့ရပါတယ် ငယ်ရွယ်တဲ့ချစ်သူစုံတွဲတွေကြားမှာ ကြုံရလေ့ရှိတဲ့အချစ်နှင့်ရမ္မက်ကြားမှာလွန်ဆွဲနေတဲ့အခြေအနေ ကိုလည်းဇာတ်ကွက်တစ်ကွက်အနေနဲ့ထည့်ထားပါတယ်။


ငယ်နုတဲ့ယောက်ျားလေးတွေစိတ်မှာကိုယ်ကအများကြီးပေးဆပ်ပြီးချစ်မိလေလေချစ်သူအပေါ်စိတ်မချနိုင်ဖြစ်လေလေဖြစ်လာတတ်ပါတယ်။အဲလိုအခြေအနေမှာပတ်ဝန်းကျင်ကလွှမ်းမိုးလာတဲ့မကောင်းတဲ့အမြင်အရliving togetherအနေနဲ့ ရင်းနှီးမှုယူထားမှ ကိုယ့်မိန်းကလေးက စိတ်ချရတယ်ဆိုတဲ့အတွေးမျိုးတွေ ဝင်လာတတ်ပါတယ်။ တစ်ဘက်ကလိင်စိတ်၊တခြားတစ်ဘက်ကချစ်ခင်စွဲလန်းမိလို့သူများနောက်ပါသွားမှာ၊ကိုယ့်ကိုထားသွားမှာစတဲ့စိုးရိမ်စိတ်။ဒီစိတ်နှစ်ခုပေါင်းစပ်လိုက်တဲ့အခါ living togetherဆိုတဲ့အခြေအနေကို မရောက်ရောက်အောင် တွန်းပို့နေသလိုဖြစ်လာပါတယ်။ အရွယ်ရောက်ပြီးသားလုပ်ငန်းကိုင်ငန်းနဲ့နေသားကျပြီးသားလူလတ်ပိုင်းတွေအမြင်မှာတော့ အချစ်ဆိုတာစွဲလမ်းမှုတွေလျော့လာပြီး ဦးနှောက်ကချင့်ချိန်မှုများလာတတ်ပါတယ်။ သာယာချင်တဲ့စိတ်နှင့်လွမ်းမိုးပိုင်ဆိုင်လိုတဲ့စိတ်ကြောင့်ချစ်ကြတွဲကြတဲ့အခြေအနေရောက်လာပါတယ်။အဲဒီအခါမှာ living together ဟာပိုပြီးရုပ်ဝါဒဆန်လာပါတယ်။အချစ်ဆိုတာရယ်၊ အပြန်အလှည်လေးစားမှု၊ဖေးမမှုဆိုတာတွေလျော့နည်းလာတဲ့အခြေအနေကို ထင်ဟပ်ထားပါတယ်။


ဒီလိုရုပ်ဝါဒဆန်တဲ့အတွေးမျိုးဘယ်အချိန်ကဝင်လာသလဲ။ကလေးဘဝကတည်းကကိုယ့်ဆန္ဒ၊ကိုယ့်တိုးတက်ရာကိုတုံးတိုက်တိုက်ကျားကိုက်ကိုက်ရုန်းကန်နိုင်အောင်လေ့ကျင့်ပေးတဲ့ပတ်ဝန်းကျင်မှာဖြစ်ပေါ်တယ်လို့လည်းဇာတ်ကွက်တစ်ကွက်မှာထည့်သွင်းထားပါတယ်ခင်ဗျ။ 


 

0 comments:

Post a Comment