Young Justice Bao 3 ( 2006 )


 

Episodes : 45
Country : China
Released Date : 2006





အညွှန်း

ငယ်ငယ်တုန်းကအချိန်တွေကို


ပြန်ပြီးတမ်းတမိသွားစေနိုင်မယ့် လူငယ်ပေါင်ချိန် အတွဲ ၃ပဲ ဖြစ်ပါတယ်


ဒီကားလေးထဲမှာဆိုရင် ပေါင်ချိန်အဖြစ် နာမည်ကြီးသရုပ်ဆောင် Deng Chao


ကုန်းစွန်းချဲ့ အဖြစ် Zhao Yang


ကျန်ကျောင်းအဖြစ် နာမည်ကြီးသရုပ်ဆောင် Chen Xiaolong တို့ ကအဓိကပါဝင်သရုပ်ထားတာပဲဖြစ်ပါတယ်


ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် တစုန့်ပြည်ရဲ့


ဉာဏ်အကောင်းဆုံးပုဂ္ဂိုလ် ပေါင်ချိန်ဆီကို ထူးဆန်းတဲ့စာတစ်စောင်


ရောက်ရှိလာခဲ့ပြီးနောက်မှာ ပေါင်ချိန်ဟာ အိမ်တော်ကနေထွက်သွားခဲ့ပြီး


နှစ်နှစ်နီးပါးလောက်ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်


သူ့ရဲ့ ညီအစ်ကိုကောင်းတွေ ဖြစ်ကြတဲ့ ယဉ်ကျေးမှုရေးရာအမတ်


ကုန်းစွန်းချဲ့နဲ့ သူရဲကောင်းလေး ကျန်ကျောင်းတို့ဟာ နေရာအနှံ့မှာ


ပေါင်ချိန်ကို လိုက်ရှာရင်းနဲ့ နှစ်ယောက်သား အမှုတွေကိုဖြေရှင်းရင်း


ပေါင်ချိန်ရှိရာ စုန့်ပြည်နဲ့ လျောင်ပြည်နယ်ကြားကမြို့လေးဆီကိုရောက်ရှိလာခဲ့ပြီး


အတိတ်မေ့နေတဲ့ ပေါင်ချိန်ကို ရှာတွေ့သွားခဲ့ပါတယ်


ကံကောင်းစွာနဲ့ပဲ ပေါင်ချိန်ဟာ အတိတ်ကိုပြန်သတိရခဲ့ပြီး


ကုန်းစွန်းချဲ့ ကျန်ကျောင်း အပြင် အတိတ်မေ့စဉ်တုန်းက သိကျွမ်းခဲ့တဲ့


ရှောင်မန်တို့နဲ့အတူ မြို့တော်ကို ပြန်လာခဲ့ပါတယ် အဲ့နောက်မှာတော့


မင်းကြီးရဲ့အမိန့်အရ ဆန်းကြယ်လှတဲ့ ထျန်းမန်ကို မိတ်ဆွေတွေနဲ့အတူ


လိုက်လံရှာ‌ဖွေရင်း အမှုတွေကို ဖော်ထုတ်ရင်း မိမိအတိတ်မေ့ခဲ့ရတဲ့


အကြောင်းအရင်းကိုပါ ရှာဖွေခဲ့ပါတော့တယ် အမှန်တရားတို့မည်သည်


ပျောက်ကွယ်ရိုး ထုံးစံမရှိသည့်အလျောက် ပေါင်ချိန် ကုန်းစွန်းချဲ့ နဲ့


ကျန်ကျောင်းတို့ဟာ အမှုမှန်ကို တစုန့်ပြည်ရဲ့ဉာဏ်အကောင်းဆုံးပုဂ္ဂိုလ်ပီပီ


ဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲ 

0 comments:

Post a Comment