The Autumn Ballad (2022)


 

Episodes : 34
Country : China
Released Date : 2022





အညွှန်း

ဒီကားလေးမှာတော့လက်ရှိ ာပြသနေတဲ့ Dream Garden ထဲကမင်းသမီးချောလေး Qiao Xin က (ချိုးယန်း)အဖြစ်

Novoland:castle in the sky 2 ထဲကမင်းသားချော Xu Zheng Xi က (လျန်ရိ)အဖြစ်အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်


ဇာတ်လမ်းလေးကတော့ချိုးမိသားစုရဲ့အချစ်မခံရတဲ့ချိုးယန်းမမလေးကတစ်နေ့မှာဖိအားပေးလက်ထပ်ခြင်းခံခဲ့ရတယ်


ကံမကောင်းစွာနဲ့မင်္ဂလာဆောင်တဲ့နေ့မှာပဲ သတို့သားလောင်းဟာ သေသွားခဲ့ပြီးချိုးယန်းဟာလည်း အခန်းထဲမှာပိတ်လှောင်ထားခံခဲ့ရပါတယ်


ချိုးယန်းကသူမရဲ့ဉာဏ်ရည်ထက်မြက်မှုနဲ့ဇွဲလုံ့လဝိရိယကိုသုံးပြီးပိတ်လှောင်ထားရာကနေလွတ်မြောက်အောင်ကြံဆောင်နိုင်ခဲ့ပါတယ် ဒါပေမယ့်လည်း အဲ့ကိစ္စကမပြီးသေးဘဲ တစ်စတစ်စပိုပိုရူပ်ထွေးတဲ့အမှုဖြစ်လာပါ‌တော့တယ်


အဲ့အမှုကိုစုံစမ်းရင်းအခက်အခဲတွေကြုံတွေ့လာတဲ့အချိန်မှာအေးတိအေးစက်နိုင်တဲ့ ဦးရီတော်လျန်ရိနဲ့ရင်းနှီးကျွမ်းဝင်ခဲ့ပါ‌တော့တယ်


လက်ရုံးရည်ရောနှလုံးရည်နဲ့ပါပြည့်စုံတဲ့ လျန်ရိနဲ့ဉာဏ်ရည်ထက်မြက်တဲ့ချိုးယန်းတို့နှစ်ယောက်အပြန်အလှန်ဖေးမကူညီပေးရင်း


အမှုတွေ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ တစ်ယောက်နဲ့တစ်ယောက်


ဖေးမကူညီရင်းအချိန်တွေကြာလာတာနဲ့အမျှလျန်ရိနဲ့ချိုးယန်းတို့ရဲ့ချစ်ခြင်းမေတ္တာတွေဘယ်လိုပေါက်ဖွားလာမလဲ

0 comments:

Post a Comment