ဒီတစ်ခါမိတ်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Kahaaniပါတဲ့။March 9,2012ခုနှစ်က ဖြန့်ချီခဲ့တာဖြစ်ပြီး ကြာချိန်ကတော့ ၁၂၂မိနစ်ရှိပါတယ်။ဘတ်ဂျက် US$ 1millionထိအသုံးပြုထားပြီး US$14millionထိ ပြန်လည်ရရှိခဲ့တဲ့ကားလေးပါနော်။
ဇာတ်လမ်းအကျဉ်းလေးကတော့-ကာလ်ကတ္တားမြို့ရဲ့ မြေအောက်မီးရထားတစ်စင်းမှာ ဓာတ်ငွေ့နဲ့တိုက်ခိုက်မှုကြောင့် လူတစ်ရာမက သေဆုံးခဲ့တယ်။လူတွေကတော့ ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ အကြမ်းဖက်သမားတွေရှိမယ်လို့ ယုံကြည်ထားကြတာပေါ့။
ဒီလိုနဲ့ ၂နှစ်ကြာပြီးတဲ့နောက်မှာ ကာလ်ကတ္တားမြို့ကို လန်ဒန်ကနေ ကိုယ်ဝန်အရင့်အမာကြီးနဲ့ဗီဒ်ယာဘာချီဆိုတဲ့ အမျိုးသမီးတစ်ဦးရောက်လာခဲ့တယ်။သူဟာ ရောက်ရောက်ချင်း လေဆိပ်ကနေ ဟိုတယ်မသွားဘဲ ရဲစခန်းကိုတန်းသွားပြီး သူ့ယောကျ်ားအာနက်ဘ်ဘာချီပျောက်လို့ဆိုပြီး ရဲကို တိုင်တယ်။ရဲက အတတ်နိုင်ဆုံးကူညီပေးမယ်လို့ ပြောတယ်။ဒီလိုနဲ့ ဗီဒ်ယာဘာချီဟာ အရင်က သူ့ယောကျ်ားနေခဲ့တယ်ဆိုတဲ့ မိုနာလီဇာတည်းခိုခန်းကို သွားတယ်။တည်းခိုခန်းရောက်တော့ တည်းခိုခန်းမန်နေဂျာကို သူ လန်ဒန်ကနေ သူ့ယောကျ်ားဒီဟော်တယ်မှာနေခဲ့တဲ့အကြောင်းဖုန်းဆက်မေးခဲ့ကိစ္စကို ပြောပြတယ်။မန်နေဂျာက သူ့ယောကျ်ားအာနက်ဘ်ဘာချီ ဒီမှာ မနေခဲ့ဘူးလို့ပြောတယ်။
အဲလိုနဲ့ သူ အဲဒီတည်းခိုခန်းမှာဘဲ တည်းလိုက်တယ်။နောက်နေ့မနက်ရောက်တော့ သူ့ယောကျ်ားအလုပ်လုပ်တယ်ဆိုတဲ့ ကုမ္ပဏီ(NDC)ကိုသွားတယ်။NDCရဲ့HRမန်နေဂျာအက်ဂနက်စ်ဒီမယ်လိုကို သူ့ယောကျ်ားအကြောင်းမေးတယ်။ HRမန်နေဂျာအက်ဂနက်စ်ဒီမယ်လိုက သူ့ယောကျ်ား သူ့ကုမ္ပဏီကို ဘာအလုပ်အတွက်မှ မလာခဲ့ကြောင်းပြောတယ်။ဗီဒ်ယာကလည်း သူက သူ့ယောကျ်ားကို ဒီကိုသေချာလွှတ်ခဲ့ကြောင်း ပြောတယ်။ညရောက်တော့ HRမန်နေဂျာအက်ဂနက်စ်တစ်ယောက် အသတ်ခံလိုက်ရပါတော့တယ်။
သူ့ကို ဘယ်သူက သတ်တာလဲ။ဘာလို့ သတ်တာလဲ။ဗီဒ်ယာကော သူ့ယောကျ်ားကို ရှာတွေ့ပါ့မလား…ဘယ်လိုတွေကေ်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဘဲ ဆက်လက်ကြည့်ရှု့ကြပါခင်ဗျ။
Mysteryဆန်တဲ့အိန္ဒိယ ဇာတ်ကားတစ်ကားဖြစ်တာမို့ ဇာတ်လမ်းဇာတ်ကွက်အဆန်းသား မြှပ်ကွက်အများသားနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။IMDBမှာလည်း 8.2ရရှိထားတဲ့အပြင် ဆုငါးဆုကိုလည်း သိမ်းပိုက်ထားတော့ အထူးပြောစရာလိုမယ်မထင်ပါဘူးနော်။ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေက ပရိတ်သတ်နဲ့ ရင်းနှီးပြီးသားတွေမို့ မိတ်ဆက်မပေးတော့ပါဘူး
0 comments:
Post a Comment