အချစ်ဟာ စွန့်လွှတ်ခြင်းလား ပေးဆပ်ခြင်းလား
စွန့်လွှတ်ခြင်း သာဆိုလျှင်ညီအစ်ကို သံယောဇဉ်ထက် ကျော်လွန်နိုင်ပြီးစွန့်လွှတ်နိုင်ပါ့မလား။
ဇာတ်လမ်းအကျဉ်း....အစဦးပိုင်းမှာတော့အိန္ဒိယ ပါကစ္စတန် စစ်ပွဲ အပြီး ၂နိုင်ငံ ခွဲထွက်ရာတွင် စစ်ဘေးသင့်ကလေးနှစ်ယောက်ဘဝနဲ့ အစပြုထားပါတယ်။ဒီကလေး ၂ယောက်ဟာတော့ဗဗ်ကရမ်း နဲ့ ဗာလာ ပဲဖြစ်ပါတယ်။သူတို့၂ဦးဟာ ပါကစ္စတန်သားတွေဖြစ်ပေမဲ့ အိန္ဒိယ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံချင်တဲ့စိတ်ကြောင့် လက်နက်မှောင်ခိုသမားတစ်ဦးကမွေးစားခဲ့ပါတယ်။တနေ့မှာ မွေးစားအဖေရဲ့ ဆရာကသူတို့နှစ်ဦးမှ တစ်ဦးအားသူနဲ့နေရန်ခွဲထုတ်လိုက်တယ်။ဗာလာက ဗဗ်ကရမ်းကို အနစ်နာခံရင်းသူပဲ နေခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်.ဘယ်လောက်ထိလဲဆိုရင် ဗာလာ ကိုယောက်ျားချင်း မုဒိမ်းကျင့်ဖို့ထိတိုင်နှိပ်စက်ခဲ့တယ်။ ဒီမြင်ကွင်းကို ဗဗ်ကရမ်းတွေ့တွေ့ခြင်းပဲမွေးစားအဖေရဲ့ ဆရာကိုသေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ကံကောင်းစွာနဲ့မွေးစားအဖေရဲ့အကူအညီနဲ့ပဲ
သူတို့နှစ်ဦး ထွက်မြောက်လွတ်မြောက်လာခဲ့ပါတယ်။သူတို့ဟာ ဝမ်းစာ အတွက် လက်ဘက်ရည်ဆိုင်မှာစားပွဲထိုးလုပ်ရင်း ဘဝကို စတင်ခဲ့ပါတယ်။ ဒါအပြင့်ရထားတွဲကနေကျောက်မီးသွေးခိုးယူပြီးစျေးပေါပေါနဲ့ ဆိုင်တွေလိုက်သွင်းတဲ့အလုပ်ကိုလုပ်လာတယ်။တဖြည်းဖြည်းနဲ့ အရွယ်ရောက်သည့်အခါမှာတော့သူတို့ဟာ ချမ်းသာလာပြီး ကလ်ကတ္တား မြို့နဲ့ ရဲ့မြို့မျက်နှာဖုံးတွေပါဖြစ်လာတယ်။
ဆင်းရဲသားတွေကို ထောက့်ပံကြေးပေးဆေးရုံ စာသင်ကျောင်းတွေဆောက်ပေးခဲ့ပြီးနာမည်ရလာပါတယ်။တစ်နေ့မှာတော့သူတို့ဘဝ ထဲ မိန်းမခလေးတစ်ယောက်ဝင်ခဲ့တယ်။သူမဟာဆိုရင် နန်ဒနီ ဆိုတဲ့အယောင်ဆောင်အကမယ်လေးဖြစ်ပြီး ထို့ပြင်နောက်ထပ် ရောက်လာခဲ့သူကအေစီပီ ဆာခါးဆာခါးဟာ ဗဗ်ကရမ်းနဲ့ ဗာလာကိုဖမ်းဆီးဖို့အထက်ကတာဝန်ပေးခြင်းခံရသူပါကျောက်မီးသွေးခိုးယူရာင်းချတဲ့ကိစ္စတွေ အခြားမှောင်ခိုဒုစရိုက်ကိစတွေကိုပါဖမ်းဆီးနိုင်ဖို့ သက်သေရှာနေသူတစ်ဦးပါ။
ဒီဇာတ်ကားလေးမှာ နန်ဒနီ ဆိုတဲ့ အကမယ်လေးရဲ့အခ်ျးကို ဘယ်သူရမလဲ။ဗဗ်ကရမ်းလား?ဗာလာ လား?နန်ဒနီ အကမယ်လေးရဲ့အချစ်ကိုရဖို့တွက်ငယ်ငယ်ထဲ ညီအစ်ကိုလို ချစ်ခင်မှုသံယောဇဉ် ပျက်ပျားတော့မှာလား
ဒါ့ပြင်ဆာခါး ဆိုတဲ့ ရဲအရာရှိကရောဗဗ်ကရမ်းနဲ့. ဗာလာ ကိုသက်သေ နဲ့တကွ ဖမ်းဆီးနိုင်မှာလား?ဗဗ်ကရမ်းနဲ့ ဗာလာရဲ့ သံရော်ဇင်တွေကရော?နန်ဒနီ ရဲ့ ရွေးချယ်မူကရော?လွတ်မြောက်အောင် ကြိုးစားမှုတွေကရော?စတဲ့ အငို၊အရယ်၊ အချစ်၊ ဟာသ၊ သူငယ်ချင်း ၂ဦးကြားက သံယောဇဉ်၊ Action ခက်ကြမ်းကြမ်း နဲ့ ရသအစုံပေး တဲ့ကားလေးမလို့ ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။
0 comments:
Post a Comment