Jessie (2019)


Rating : 7.0/10
Country : India 
Genre :   Horror, Thriller 
Cast : Ashima Narwal, Sritha Chandana, Atul Kulkarni
Released Date : 2019
Duration : 1h 46min 

အညွှန်း

ဗစ်တိုးရီးယားအိမ်ကြီးရဲ့ ပိုင်ရှင် ဂျက်ဆီ

တစ်ဦးတည်းသော ညီမဖြစ်သူ အေမီ ကို အလွန်ချစ်တဲ့ ဂျက်ဆီ

ကျန်းမာရေးမကောင်းတဲ့ အေမီ ကို အမြဲစိတ်ပူနေရတဲ့ ဂျက်ဆီ

နတ်ဘုရားတွေ ဝိဉာဉ်တွေ တကယ်ရှိတယ်ဆိုတာ မယုံကြည်တဲ့ ဂျက်ဆီ

အိမ်အကြီးကြီးမှာ ညီအစ်မနှစ်ယောက်ကလွဲပြီး ဆွေမျိုးတွေ မရှိတဲ့ ဂျက်ဆီ နဲ့ အေမီ

အရင်းနှီးဆုံး သူငယ်ချင်းဆိုလို့ ရာဂျီး တစ်ယောက်သာ ရှိတဲ့ ညီအစ်မနှစ်ယောက် တစ်နေ့မှာ ကံကြမ္မာဆိုးဝင်ပြီး ကားမတော်တဆမှုနဲ့ သေဆုံးသွားတဲ့ အခါမှာ…


နောက်သုံးနှစ်ကြာပြီးတဲ့နောက်

ရှာလီနီ ၊ အဘီ ၊ မိုဂျို နဲ့ ဂျိုးတို့ တစ္ဆေဖမ်းတဲ့အဖွဲ့ဟာ ဗစ်တိုးရီးယားအိမ်ကြီးကို လေ့လာဖို့ ရောက်ရှိလာခဲ့တယ်

သူတို့အလုပ်က အိမ်တွေမှာ တစ္ဆေတကယ်ရှိကြောင်း သက်သေနဲ့တကွ ပြပေးမယ် ဒီလိုလုပ်လာတာ ဒီတစ်ခါက သူတို့အတွက် ကိုးကြိမ်မြောက်

ဝင်သွားတဲ့သူတိုင်း ပြန်မထွက်လာနိုင်ဘူးဆိုတဲ့ ကောလဟာလတွေ ပျံ့နေတဲ့ အိမ်ကြီးဆိုတော့ သူတို့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခုဖြစ်လာတယ်

သူတို့အဖွဲ့ အိမ်ကြီးကို ရောက်တဲ့အခါမှာ….


ထုံးစံအတိုင်း ဂျက်ဆီတို့က ခြောက်လှန့်လိမ့်မယ်လို့ ထင်နေလား

ဒါဆိုရင်တော့ အလွဲကြီးလွဲနေပြီ ဇာတ်လမ်း အလှည့်အပြောင်းတွေ များစွာနဲ့ ဘာများဖြစ်နေမလဲ 

0 comments:

Post a Comment