ဒီတစ်ပတ်အတွင်း bollywood ကားသစ်တွေ
တွေ့ရတဲ့အထဲက ဒီဇာတ်ကားလည်း
တောင်းဆိုထားကြတာမို့
အမြန်ဆုံးလေး တင်ဆက်ပေးလိုက်ပါတယ်။အညွန်း..Tiger Shroffကတော့ ပီရှိုရီကျောင်းမှာ ရိုဟန်ဟာ
အားကစားဘက်မှာ အတော်ဆုံးပဲ။
အထူးသဖြင့် ကာဘာဒီကစားနည်းမှာ။
ပြိုင်ဖက်ကင်းတဲ့ လူတစ်ယောက်….
ဒီနယ်ကျောင်းတစ်ခုမှာ ရတဲ့ အောင်မြင်မှုကို
သူ မကျေနပ်သေးပါဘူး။သူတက်ချင်တဲ့ ကျောင်းက…
စိန့်ထရီဇာ၊ စိန့်ထရီဇာမှာ ‘Student Of The Year’ ဆုကို ရဖို့၊
ဒီအပြင် အဲ့ကျောင်းမှာ တက်ချင်ရတဲ့ တခြား အကြောင်းရင်းလည်း ရှိပါတယ်။သူ့ချစ်သူ အဲ့ကျောင်းကို ပြောင်းသွားလို့ပါ။
တစ်ဖက်က ချစ်သူအဖို့၊
တစ်ဖက်ကတော့ ဂုဏ်ဆောင်ကျောင်းသား ဆုရဖို့၊တစ်နေ့မှာတော့ သူဟာ …
အားကစားအထူးပြုပညာတော်သင်ခွင့်နဲ့
စိန့်ထရီဇာ ကျောင်းကို တက်ခွင့်ရခဲ့ပါတယ်။ချစ်သူတစ်ဖက်၊ ဆုတစ်ဖက်နဲ့
သူ့အတွက် ပြိုင်ဖက်တွေက ဘယ်လိုတွေ ဖြစ်လာမလဲ။
ဘယ်အရာတွေက သူ့အတွက် ခက်ခဲလာမလဲ။
ဘယ်လို အဆိုးဆုံးတွေ ရလာမလဲ။‘Student Of The Year’ ဆုကိုရော
တကယ် ရပါ့မလား ဆိုတာ ကိုယ်တိုင်ခံစားကြည့်ရှုကြပါဦးခင်ဗျ။

0 comments:
Post a Comment