Article 15 (2019)


Rating : 8.2/10
Country : India 
Genre :   Crime, Drama, Mystery 
Cast : Ayushmann Khurrana, Nassar, Manoj Pahwa
Released Date : 2019
Duration :  2h 10min 


အညွှန်း

ဒီတစ်ပတ် ရွေးချယ်ဖြစ်တဲ့ ဘောလိဝုဒ်(Bollywood) ဇာတ်ကားကတော့

2019 London Indian Flim Festival ရဲ့ အဖွင့်ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။၂၀၁၈ ခုနှစ် Bollywood IMDb List ထဲ Rating အမြင့်ဆုံး ဇာတ်ကားတွေထဲ နှစ်ကားပါဝင်ခဲ့တဲ့

ပရိသတ်တွေကို ဖြည်းဖြည်းအေးအေးနဲ့ လှည့်စားခဲ့ပြီး မင်းသားကိုယ်တိုင်ဆုရခဲ့တဲ့ Andhadhun၊ Badhaai Ho တို့ရဲ့ မင်းသား

Ayushmann Khuurana ကို ဒီကားမှာတော့

ရဲအရာရှိတစ်ယောက်အနေနဲ့ တွေ့မြင်ရမှာပါ။ဒါရိုက်တာကတော့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့

Mulk-2018ရဲ့ ဒါရိုက်တာ Anushav Sinha ပါ။

—————————————————-


ဇာတ်လမ်း စစချင်းမှာ သာမန်လူတန်းစားတွေ

ပျော်ပါးနေတာကို တွေ့မြင်ရပြီး တစ်ဖက်ဆိတ်ကွယ်ရာမှာ

သက်ငယ် မိန်းကလေးနှစ်ယောက်ကို အဓမ္မ ပြုကျင့်ခံနေရတာကို ပြထားခဲ့ပါတယ်။

ဘယ်သူဘယ်ဝါတွေကများ ဒီလို လူမဆန်တဲ့ လုပ်ရပ်ကို လုပ်ရက်ကြတာလဲ။အာယန် ရန်ဂျန်ဟာ ဒီလားဂွန်းဆိုတဲ့ နယ်မြို့လေးကို

ပူပူနွေးနွေး ရောက်လာခဲ့ပါတယ်။

ရှေးရိုးစွဲ ဝါဒတွေ ကင်းတဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ ရဲအရှာဟာ

လမ်းခရီးမှာတင် ဒရိုက်ဘာကအစ အမျိုးဇာတ်ခွဲခြားတဲ့ အယူဝါဒတွေ စွဲနေသေးတာကို ၊ဒီမြို့ငယ်လေးမှာ ဒီလို အယူဝါတွေ ရှိနေသေးတာကို တွေ့မြင်လိုက်ရပါတယ်။မကြာပါဘူး….


စခန်းမှာ လူပျောက်လာတိုင်တာကို တွေ့ခဲ့ရတယ်။ ပျောက်တာက မိန်းကလေးသုံးယောက်တောင်။

ဒီလိုနဲ့ စုံစမ်းကြည့်လိုက်တော့

အသတ်ခံရပြီး ၊သစ်ပင်မှာ

ကြိုးနဲ့ တွဲလောင်းချိတ်ထားတဲ့ မိန်းကလေး နှစ်ယောက်ကို တွေ့လိုက်ရတယ်။

နောက်တစ်ယောက်ကတော့ ရှာမတွေ့သေးဘူး။အောက်လက်ငယ်သား ရဲသားတွေကတော့

ဒီအမှုကို လုံးဝမလိုက်ဖို့၊ အမှုပိတ်သိမ်းဖို့ ၊

မြို့တွင်းက မှောင်ခိုဂိုဏ်းခေါင်းဆောင်အထိ ပါလာမှာဖြစ်လို့ဆိုပြီး

အ,ဂတိကင်းတဲ့ ရဲအရာရှိကို တားခဲ့ကြပါတယ်။ဒါပေမဲ့…. သူဟာ လူငယ်တစ်ယောက်မို့

အမှန်တရားကို လက်ကိုင်ထားပြီး ဒီအမှုကို အဆုံးအစွန်ထိ လိုက်ရာမှာတော့……လှည့်ကွက်တွေ၊ မြှုပ်ကွက်တွေနဲ့ ဖြေးဖြေးအေးအေး ကြည့်ရှုရမှာဖြစ်ပြီး

လူတွေ ပျောက်ဆုံးမှုတွေ၊

ထူးဆန်းတဲ့ ဖြစ်ရပ်တွေနဲ့ အတူ ဇာတ်လမ်းကို

အဆုံးထိ ဆွဲခေါ်သွားမှာမို့ ကိုယ်တိုင် ကြည့်ရှုခံစားရမှာပဲ မဟုတ်လား။

——————————————–


ဒီဇာတ်ကားဟာ ၂၀၁၄ခုနှစ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို အခြေခံထားပါတယ်။လူ့သားချင်း အဆင့်အတန်းခွဲခြားမှု(အမျိုးဇာတ်ခွဲခြားမှု)၊ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု၊

ရဲအရာရှိတွေရဲ့ အ,ဂတိမကင်းမှု စတဲ့

အိန္ဒိယရဲ့ အခြေအနေတွေကို ထင်ဟပ်နေပါတယ်။လူ့သဘာဝတွေကို အဓိကပြချင်တာမို့

ဇာတ်လမ်းစစချင်းမှာ ကြားလိုက်ရတဲ့ သီချင်းက

Forest Gump ဇာတ်ကားမှာ ဂျင်းနီ ကိုယ်လုံးတီးနဲ့ ဂစ်တာတီးကိုင်ပြီး ဆိုခဲ့တဲ့ Bob Dylanရဲ့ Blowing In The Wind ပါ။ဇာတ်ကားတစ်ကားကို ကြည့်တဲ့အခါ

သာမန်လေးလို့ ထင်ထားတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြောစကားတွေက

အဓိကဇာတ်ဝင်ခန်းနဲ့ ချိတ်ဆက်မိနေတာမျိုး ဖြစ်နေပါလိမ့်မယ်။ဒါကြောင့် ဇာတ်ဝင်ခန်းတွေကို နည်းနည်းလေးမှ မလွတ်စေဖို့ အကြံပေးလိုပါတယ်။


 

0 comments:

Post a Comment