ဒုက္ခတွေတပွေ့တပိုက်နဲ့မို့ ကားရိုက်တွေပြန်စိပ်လာတဲ့ မင်းသားကြီး Nicolas Cage ရဲ့ ၂၀၁၉ ထဲမှာတင်
၆ ကားမြောက်အဖြစ်ထွက်ရှိထားတဲ့ စိတ္တဇဆန်ဆန် မှုခင်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။
ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ ဘာဒီဆိုတဲ့ ရေတပ်ကထွက်လာတဲ့ စစ်ပြန်တစ်ယောက်ဟာ မိန်းမနဲ့ကလေးအတွက်ကြိုးစားရုန်းကန်နေရတဲ့
အချိန် … ကလေးကလည်းမွေးထားတာမကြာသေးတော့ မိန်းမနဲ့ အတူနေချင်ပေမယ့် အဆင်မပြေတဲ့အချိန်တွေနဲ့ ရင်ဆိုင်နေရပါတယ် ။
တနေ့တော့ အိမ်တစ်အိမ်မှာ ခြံစည်းရိုးပျက်နေလို့သွားပြင်ရမယ့် အလုပ်ကိုရတာကနေ လင်မယားနှစ်ယောက်ထဲနေတဲ့ အိမ်ကိုရောက်ခဲ့ပါတယ် ။
သွားပြင်တဲ့နေ့မှာပဲ မုန်တိုင်းတိုက်တာနဲ့ကြုံပြီး အကြောင်းကြောင်းကြောင့် အဲ့အိမ်မှာသောင်တင်နေပါတော့တယ် ။ သားသမီးရတနာ မထွန်းကားလို့
တစ်ယောက်နဲ့တစ်ယောက်စိတ်ပျက်စပြုနေတဲ့ လင်မယားနှစ်ယောက်ကြားကို စစ်ပြန်လက်သမားလေးရောက်သွားတဲ့အခါ ဘာတွေ
ဆက်ဖြစ်လာမလဲ ဆိုတာရုပ်ရှင်ထဲမှာပဲ ဆက်လက်အားပေးကြည့်ရှုကြပါဦးလို့ ။
ဇာတ်လမ်းထဲမှာ မြှပ်ကွက်လေးတွေထည့်ပြီး ဆိုက်ကို ဆန်ဆန်ရိုက်ထားတဲ့ကားလေးဖြစ်လို့ စိတိဝင်စားဖို့ကောင်းပါတယ် ၊ အဆင်မပြေတဲ့
လင်မယားနှစ်ယောက်ကြား လူငယ်တစ်ယောက်ရောက်သွားတဲ့အခါ ဖြစ်လာမယ့် ဟာတွေက အများစုတွေးထားသလို မျိုးပဲဖြစ်လာမှာလား
ဒါမှမဟုတ် ဘယ်လိုအချိန်မှာဇာတ်အလှည့်အပြောင်းနဲ့ ပရိသတ်ကိုဆွဲခေါ်သွားမလဲဆိုတာ စောင့်ကြည့်ချင်စရာကောင်းတဲ့ကားလေးတစ်ကား
ဖြစ်ပါတယ် ။ ပရိသတ်တို့ လက်မလွတ်တမ်းကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျ ။

0 comments:
Post a Comment