Graceful Family (2019)

16 Episdoes

Rating : 8.4/10
Country : South Korean
Genre : Mystery,Drama,Family,Detective,Investigation
Cast :  Im Soo Hyang,Lee Jang Woo,Bae Jong Ok

ဒီဇာတ်လမ်းထဲမှာတော့ Mo Seok Hee နဲ့ Heo Yoon Do တို့က Mo Seok Hee ရဲ့မိခင်သေဆုံးမှုနောက်ကွယ်က အမှန်တရားကိုဖော်ထုတ်ကြတဲ့အကြောင်းကို ရိုက်ကူးပြထားတာပါ

Mo Seok Hee က တစ်ဦးတည်းသောသမီးဖြစ်ပြီး ဖခင်ဖြစ်သူက
MC Group လို့ခေါ်တဲ့ Company ကြီးကိုတည်ထောင်ထားပါတယ်. သူမဟာ လှပတယ် စမတ်ကျပြီး ချမ်းသာတယ်. Mo Seok Hee က ပျော့ညံ့တယ်လို့ထင်ရပေမယ့် သူမအမေသေဆုံးမှုနဲ့ပတ်သက်ဖော်ထုတ်တဲ့အခါမှာတော့ တည်တည်တ့ံတံ့ပြုလုပ်ပါတယ်. သူမိခင် သေဆုံးတာဟာ ၁၅နှစ်ကြာခဲ့ပါပြီ.....
Heo Yoon Do က ရှေ့နေတစ်ယောက်ဖြစ်ပေမယ့် ရုံးခန်းတစ်ခန်းတောင်မဖွင့်နိုင်တဲ့သူပါ.သူက သူနေတဲ့ပတ်ဝန်းကိင်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ သူ့အမှုတွေကိုဖြေရှင်းလေ့ရှိပါတယ်. သူက ကြင်နာတတ်တဲ့သူတစ်ယောက်ပါ.
Heo Yoon Do က မထင်မှတ်ပဲ MC Group ရဲ့ TOP အသင်းတစ်ခုမှာ လုပ်ကိုင်ဖို့ ကမ်းလှမ်းခံရပါတယ်. အဲဒီအဖွဲ့ဟာ MC Group မှာရှိတဲ့ မိသားစုဝင်တွေရဲ့အလုပ်ကိစ္စတွေကို စီမံခန့်ခွဲပေးရပါတယ်. အဲဒီထဲမှာ MC မိသားစုဝင်တွေရဲ့ မသမာမှုတွေ လက်စားမှုတွေကိုလည်း ဖုံးကွယ်ပေးရတဲ့အလုပ်လည်းလုက်ရပါတယ်

ကဲ Mo Seok Hee ရဲ့ အမေသေဆုံးမှုနောက်ကွယ်မှာ ဘယ်သူတွေက ပါဝင်နေမလဲ
TOP အသင်းက ဖုံးဖိပေးထားတဲ့ မသမာမှုတွေကရောဘာတွေလဲ
Mo Seok Hee နဲ့ Heo Yoon Do ကရော အမှုကိုစုံစမ်းရင်း ဘယ်အခက်အခဲတွေကို ရင်ဆိုင်ရမလဲ စတဲ့စတဲ့ စိတ်ဝင်စားစရာအများကြီးတွေပါတဲ့ Graceful Family ကိုစောင့်ကြည့်ရအောင်.
ပါဝင်သရုပ်ဆောင်ထားသူတွေကတော့
Mo Seok Hee အဖြစ် Im Soo Hyang
(My Id is Gangnam Beauty center 2018)

Heo Yoon Do အဖြစ် Lee Jang Woo
(My Only One 2018)

Mo Wan Soo အဖြစ် Lee Kyu Han
(Crowned Clown 2019, Rich Family's Son 2018)

Mo Wan Joon အဖြစ် Kim Jin Woo
(Left-handed Wife 2019)

Baek Soo Jin အဖြစ် Gong Hyun Joo
(Love is Drop by Drop)
တို့နဲ့အတူတူ တခြား Supporting များစွာပါဝင်အားဖြည့်ထားပါတယ်

0 comments:

Post a Comment