Eulachacha Waikiki (2018)

20 Episdoes

Rating : 8.7/10
Country : South Korean
Genre : Friendship,Comedy,Romance,Life,Youth,Drama
Cast : Kim Jang Hyun,Lee Yi Kyung,Son Seung Won,Jung In Sun,Go Won Hee,Lee Joo Woo

ရယ်စရာလေးဘက်ကို မြှားဦးလှည့်လိုက်မယ်နော်😁😁
မရယ်ရမှာတော့ မပူနဲ့ တစ်ကားလုံး ပါးစပ်အဟောင်းသား ဖြစ်အောင် ရယ်ရမှာ 😂😂
ဒီကားလေးကတော့ JTBCက ထုတ်လွှင့်တဲ့ကားလေးပါ တနင်္လာ အင်္ဂါ မှာ ပြသနေတဲ့ ဟာသကားလေးပါရှင့် ရယ်မောချင်တယ်ဆိုရင်တော့ မြန်မြန်ပြေးကြည့်ထားမှ ဖြစ်မယ်နော်💃💃💃

ဇာတ်လမ်းအကျဉ်း

Kang Dong Gu (Kim Jung-Hyun သူကတော့ school 2017ကားက ပရိတ်သတ် အချစ်တော် 'X'ပါ)သူဟာ အောင်မြင် ဒါရိုက်တာဖြစ်ဖို့ ရည်ရွယ်ထားပီး ဇာတ်ကားရိုက်ဖို့ ငွေစုနေသူပါ ဒေါသကြီးပေမယ့် အမြဲခံနေရသူပါ

Cheon Jun Ki( Lee Yi-Kyung)ကတော့ သူ့အဖေအတိုင်း အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားအားထုတ်နေသူပါ ဇာတ်ကားတွေမှာ အရံသရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်

Bong Du Shik(Son Seung-Won သူ့ကိုတော့ Age of Youth ထဲမှာ သတင်းထောက် ပုံစံနဲ့ တွေ့ဖူးမှာပါ)
သူကတော့ ဇာတ်ညွှန်းရေးဆရာဖြစ်ချင်သူ ဖြစ်ပီး အချိန်ပိုင်းအလုပ်တွေပဲ လုပ်နေရသူပါ

သူတို့ ၃ယောက်ဟာ guesthouseတစ်လုံး ထူထောင်ထားကြပီး အောင်မြင်ရင် ဇာတ်ကားရိုက်ကာ ရုပ်ရှင်ပွဲတော် တက်ဖို့က သူတို့ရည်ရွယ်ချက်ပါ
ဒါပေမယ့်… သူတို့ guesthouseမှာ တည်းခိုသူမရှိပဲ အကြွေးတွေပဲတင်နေပါတယ်
တစ်နေ့တော့…သူတို့ဆီကို ကလေးတစ်ယောက်နဲ့ single mother ရောက်လာတဲ့အခါ…

0 comments:

Post a Comment