အငြိမ်းစားစုံထောက်ရဲအရာရှိတစ်ဦးကို တပည့်ဟောင်းတစ်ဦးက ဖုန်းဆက်တယ်..
ဆရာရေ
ကျွန်တော့်သားရဲလုပ်ချင်နေတာဗျာ...အဲ့ဒါ ကျွန်တော်က ရဲထဲကို
မဝင်စေချင်ဘူး...
အဲ့ဒါ ဆရာလည်းသိတဲ့အတိုင်း စုံထောက်ဘဝက
ခက်ခဲပင်ပန်းတာတွေရှိတော့ကျွန်တော့်သား ဆရာ့ဆီလာရင်
ဆရာကြုံခဲ့ရတဲ့ အခက်အခဲတွေမှန်သမျှကိုပြောပြလိုက်ပါ...
ဒါမှ ဒီကောင်စိတ်ပျက်သွားမှာ.....
ကျွန်တော့်သားကိုဆရာ့ဆီကို လွှတ်လိုက်မယ်ဆိုပြီး ဖုန်းချသွားတယ်...
အငြိမ်းစားရဲအရာရှိက တပည့်ရဲ့သားကို ရဲဘဝက
ခက်ခဲပင်ပန်းကြောင်းကိုပြောဖို့စောင့်နေတယ်...
သူကိုယ်တိုင်ကလည်း ဂျိုင်းထောက်တစ်ဘက်နဲ့....ဒီလိုနဲ့ ခင်ဗျား
ဟာ လူငယ်တစ်ယောက်နဲ့ သက်ကြီးပိုင်းရဲစုံထောက်အငြိမ်းစား
တစ်ယောက်မြက်ခင်းပြင်မှာ စကားပြောနေတဲ့ အခန်းကို စစချင်း
ရမိနစ်လောက်မှာတွေ့လိမ့်မယ်...သူတို့(၂)ယောက်ဟာ
အမှူကိစ္စတွေအကြောင်းကိုဆွေးနွေးနေကြတယ်.....
တကယ့်ရှုတ်ထွေးတဲ့အမှုတွေကို သူတို့ဆွေးနွေးနေကြသလို
ဖြစ်ခဲ့တဲ့ အမှုတွေကိုလည်း Replay ပြန်ပြတယ်..တကယ့်ကို
တိတိကျ အချိန်တွေနေရာတွေနဲ့....ခင်ဗျား ဒီအခန်းတွေကို
ဂရုုတစ်စိုက်ကြည့်ဖို့လိုတယ်...အခန်းတိုင်းကို မျက်ခြည်မပြတ်မှတ်သားဖို့သင့်သလို တစ်ချို့နေရာတွေမှာဆို
ရှေ့ကိုပြန်ကြည့်သင့်ရင်ကြည့်လိုက်ပါ....
ဇာတ်လမ်းက တကယ့်ကို ခပ်သွက်သွက်နဲ့
သွားနေတာ..အီနေတဲ့အခန်းကိုမပါဘူး...
.ဒီစုံထောက်ကားက ခင်ဗျားကြည့်ဖူးသမျှထဲမှာ အတော်ကောင်းတဲ့စာရင်းဝင်နေလိမ့်မယ်...
ဇာတ်လမ်းချိတ်ဆက်ပုံတွေ...
ရိုက်ထားတာတွေ..သရုပ်ဆောင်တာတွေ...
တခြားကုလားကားတွေလို မျက်နှာတစ်ခုကို လေးဘက်လေးတန်ပတ်ရိုက်တာတွေမပါသလိုကတဲ့ သီချင်းတစ်ပုဒ်မှကိုမပါ ပါဘူး..
...ဇာတ်လမ်းက တကယ့်ကို ခပ်သွက်သွက်နောက်တစ်ခုပြောချင်တာက အေးအေးဆေးဆေးဖြစ်တဲ့အချိန်မှကြည့်ပါ.
..ကုန်ကုန်ပြောရရင် ခင်ဗျားတို့ရဲ့ မျက်တောင်ခတ်ချိန်ကိုတောင် အချိတ်ဆွဲမခတ်ပါနဲ့...
ကျွန်တော်ပြောတာမလွန်ကြောင်း ဇာတ်လမ်းအစ ၁၅မိနစ်လောက်မှာတင်သဘောပေါက်သွားလိမ့်မယ်...
စပွိုင်လာမလုပ်သင့်ဆုံး ရဲစုံထောက်ကားမို့ ဒီလောက်ပဲပြောပါရစေ..

0 comments:
Post a Comment