ယခုတစ်ခေါက်မှာ တင်ဆက်ပေးမယ့်ဇာတ်ကားကတော့ ၂၀၁၉ ဒီဇင်ဘာလမှာ ထွက်ရှိထားတဲ့ Dark Light ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။
ဒီဇာတ်ကားကတော့ Horror အမျိုးအစားဖြစ်တဲ့အပြင် မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ထားရှိတဲ့ချစ်ခြင်းမေတ္တာကိုလည်း ထင်ဟပ်စေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။
ဒီဇာတ်ကားမှာဆိုရင် အန်နီနော့စ်ဟာ ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြီး အမ်မလီလို့ခေါ်တဲ့သူ့သမီးလေးကို စောင့်ရှောက်နေတဲ့သူတစ်ယောက်ပါ ။ ကွာရှင်းပြီးနောက်မှာ အန်နီနဲ့သူ့သမီးလေးက တောထဲမှာရှိတဲ့ အန်နီရဲ့အမေအိမ်မှာ ပြောင်းနေခဲ့ပါတယ် ။ အိမ်က အန်နီရဲ့အမေဆုံးပြီးတည်းက လူမနေတာတော်တော်ကြာနေပါပြီ ။ အဲ့ဒီ့အိမ်ကြီးထဲမှာ အန်နီနဲ့သူ့သမီး ၂ယောက်တည်းနေခဲ့ပါတယ် ။ အိမ်ပြောင်းလာပြီး မကြာခင်မှာပဲ အန်နီတစ်ယောက် အမ်မလီနဲ့ပတ်သတ်ပြီး ထူးဆန်းတာတွေနဲ့ကြုံတွေ့ခဲ့ရပါတော့တယ် ။ သူတို့သားအမိနှစ်ယောက် အဲ့အိမ်ကြီးထဲမှာ လုံခြုံပါ့မလား…ထူးဆန်းတာတွေကြုံရပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဒီဇာတ်ကားမှာဆက်လက်ကြည့်ရှူပေးကြပါဦး….

0 comments:
Post a Comment