Daniel Isn't Real (2019)


Rating : 6.1/10
Country : United state
Genre : Fantasy, Horror, Mystery 
Cast :  Miles Robbins, Patrick Schwarzenegger, Sasha Lane
Released Date : 2019
Duration :  1h 40min

အညွှန်း

ပရိသတ်ကြီး​တွေအကြိုက်​တွေ့​စေမယ့်2019ထွက် လျှို့ဝှက်ဆန်းကြယ်သည်းထိပ်ရင်ဖိုဇာတ်ကား​လေးတစ်ကားပါဒီဇတ်ကားထဲမှာ​တော့ Midnight Sunရဲ့မင်းသား​ချော​လေးPatrick Schwarzeneggerပါဝင်ထားပါတယ်ဒီကားထဲကသူ့ရဲ့characterကအရင်ကား​တွေနဲ့မတူဘဲ

ပုံစံအသစ်အဆန်းတစ်မျိုး​လေးနဲ့​တွေ့ရမှာပါမိသားစုမှာမိဘ​တွေအဆင်မ​ပြေရန်ဖြစ်​တဲ့အခါသားသမီး​တွေမှာ အားငယ်ပြီးစိတ်ဒဏ်ရာရတတ်ကြပါတယ်ဇာတ်လမ်း​လေးထဲမှာဆိုရင်လည်း လုခ်ဆိုတဲ့​ကောင်​လေးဟာမိဘ​တွေအဆင်မ​ပြေရန်ဖြစ်တာ​တွေ​ကြောင့်အထီးကျန်အ​ဖော်မဲ့ပြီစိတ်ဒဏ်ရာ​တွေရခဲ့တယ်တစ်​နေ့မိဘ​တွေရန်ဖြစ်​နေတာကို လုခ်က​​တွေ့ခဲ့ပြီတစ်​ယောက်ထဲအိမ်ကထွက်လာရင်း ဆိုင်တစ်ဆိုင်မှာလူသတ်မှုတစ်ခုကို​​တွေ့သွားတယ်အဲ့အချိန်မှာပဲ ဒန်နီရယ်ဆိုတဲ့​ကောင်​လေးကိုပါတစ်ပြိုင်နက်​တွေ့ရှိသွားတာ​ပေါ့တကယ်​တော့ဒန်နီရယ်ဟာသူ့စိတ်ထဲက အထီးကျန်အ​ဖော်မယ့်​နေတဲ့အတွက်စိတ်ကူးပုံ​​ဖော်ထားတဲ့ သူငယ်ချင်းတစ်​ယောက်​ပေါ့လုခ်ကာ ဒန်နီရယ်ကို​အိမ်​ခေါ်သွားပြီး က​လေးသဘာဝ​ဆော့ကြတာ​ပေါ့တစ်​နေ့ ဒန်နီရယ်က လုခ်ရဲ့အ​မေကိုသတ်ဖို့လုခ်ကိုဒီ​ဆေး​တွေ​တိုက်ရင်လုခ်အ​မေ​နေ​ကောင်းသွားမယ်​ပြောပြီး တိုက်ခိုင်းခဲ့တယ်လုခ်အ​မေ​သောက်လိုက်မိပြီး ​သေမလိုဖြစ်ပြီးတဲ့​နောက်မှာ​တော့လုခ်ဟာ ဒန်နီရယ်ကို အရုပ်အိမ်ထဲကိုဝင်ခိုင်းပြီး ​သော့ခတ်ပစ်လိုက်တာ​ပေါ့ဒီလိုနဲ့ လုခ် ဆယ်​ကျော်သက်အရွယ်​ရောက်လာအထိအနားမှာ ဒန်နီရယ်မရှိ​တော့ဘူး​နောက်ပိုင်းမှာ ဒန်နီရယ် ပြန်​ပေါ်လာပြီးလုခ်နဲ့ဘာ​တွေလုပ်ကြမလဲ လုခ်​နောက်ပိုင်းဘယ်လိုမျိုးတွေကြုံ​တွေ့ရမလဲဒန်နီရယ်က​ရော​နောက်ပိုင်းဘာ​တွေဖြစ်လာမလဲဆိုတာကိုရင်တဖိုဖိုနဲ့ကြည့်ရှု့ရမယ့် ဇာတ်ကား​ကောင်း​လေးတစ်ကားပါ

0 comments:

Post a Comment