ဒီတစ်ခေါက်တော့ Cast လန်းလန်း၊Rating မြင့်မြင့်Scifi/Fantasy ကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။Green Arrow လို့လူသိများကျော်ကြားတဲ့ Stephen Amell ရယ်၊Robbie Amell ၊Sung Kang ရယ် အတူတူသရုပ်ဆောင်ထားတာပါ။Rating တွေအနေနဲ့ကတော့ Rotten Tomatoes 78%တောင်ရရှိထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကိုတင်ဆက်ပေးလိုပါသေးတယ်။လင်ကွန်းစီးတီးဆိုတာ အစွမ်းရှိတဲ့သူတွေနဲ့ သာမန်သူတွေနဲ့အတူတကွငြိမ်းအေးစွာယှဉ်တွဲနေထိုင်ကြတဲ့ မြို့တစ်မြို့ပါ။သာမန်ထက်ထူးခြားတဲ့လူတွေရဲ ့အစွမ်းတွေကို ကုန်ထုတ်လုပ်ရေးဆောက်လုပ်ရေးတွေများ ကောင်းကောင်းအသုံးချကြပါတယ်။တဖြည်းဖြည်းနဲ့ စက်ယန္တရားတွေ အစားထိုးဝင်ရောက်လာတဲ့အခါအစွမ်းရှိတဲ့သူတွေအလုပ်အကိုင်တွေရှားပါးလာပါတော့တယ်။အလုပ်အကိုင်တွေရှားပါးလာတာနဲ့အမျှဒုစရိုက်သမားတွေက အစွမ်းရှိတဲ့လူတွေကို ဆိုက်ခ်ဆိုတဲ့မူးယစ်ဆေးဝါးတစ်မျိုးထုတ်လုပ်တဲ့နေရာမှာ အသုံးချပါတော့တယ်။ဒီမူးယစ်ဆေးနဲ့ ပါဝင်ပါတ်သတ်နေတာကြောင့် သာမန်လူတွေကလဲအစွမ်းရှိလူသားတွေကို အမုန်းပွားကာ ခွဲခြားဆက်ဆံပါတော့တယ်။အဲတော့ အစွမ်းရှိသူတွေအနေနဲ့ အစွမ်းရှိတယ်ဆိုတာအားနည်းချက်တစ်ခုလိုပါပဲ။ကော်နာဆိုတော့ကောင်လေးကတော့အလုပ်မရှိတဲ့ စွမ်းအားရှိလူသားတစ်ယောက်ပါ။တစ်နေ့မှာတော့ သူ့အမေကိုဆေးကုဖို့အတွက် အလုပ်လိုလာတဲ့အခါမှာသူဘာဆက်လုပ်မလဲ?ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်

0 comments:
Post a Comment