Aravindha Sametha Veera Raghava (2018)


Rating : 7.7/10
Country : India 
Genre :   Action, Drama
Cast :  N.T. Rama Rao Jr., Pooja Hegde, Jagapathi Babu
Released Date : 2018
Duration : 2h 42min 


 

အညွှန်း



“Aravinda Sametha Veera Raghava(သို့မဟုတ်)၅ရူပီးရန်ကြွေးရှင်းတမ်း”ဒီတစ်ခါတော့ တောင်ပိုင်းရုပ်ရှင်တွေနဲ့ရင်းနှီးပြီးသားသူတွေသိမယ့် Jr.N.T.R Rama Rao ရဲ့ အက်ရှင်၊ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းက ရိုးရိုးလေးနဲ့ ဖိုက်တင်တွေကို လိုအပ်သလောက်ပဲ သုံးပြီးပြောသွားတဲ့ ဒိုင်ယာလော့တွေ၊ကြည့်ရှုသူကို ပေးချင်တဲ့ မက်ဆေ့တွေကကောင်းလွန်းလို့ပါ။ရာဂါးဗားဟာ နိုင်ငံခြားမှာ ပညာသင်ပြီး အိမ်ကို ပြန်လာတဲ့အခါမသင့်မမြတ် ဖြစ်နေတဲ့ ရွာနှစ်ရွာရဲ့ ရန်ကြွေးတွေအရရာဂါးဗားနဲ့ သူ့အဖေရဲ့ လူယုံတော်တွေ လမ်းမှာ လုပ်ကြံခံရပါတယ်။


သူ့ကိုပါ ဒီရန်ကြွေးတွေကြားထဲ ဝင်ပါဖို့ခေါ်နေသလိုပါပဲ။ဒါပေမဲ့ ခေတ်ပညာတတ် ရာဂါးဗားဟာပညာတတ်တစ်ယောက် ပီသစွာ တုန့်ပြန်ခဲ့ပါတယ်။ပြီးတော့ အချစ်နဲ့ တွေ့တဲ့အခါလူတိုင်းက သတ္တိခဲဖြစ်လာတတ်ကြသလိုအချစ်ကြောင့်ပဲ ကြည်နူးပျော်ရွှင်သွားတတ်တာကိုလည်းဖော်ပြထားပါတယ်။သူ့ကြောင့်ပဲ ငါဟာ ပထမဦးဆုံးပြုံးဖူးတာပါတဲ့ ။ဒါပေမဲ့ ကံကြောင်းမလှချင်တော့…..တည်ငြိမ်သွေးအေးတဲ့ ဇာတ်ရုပ်မှာပီပြင်သလို ရက်စက်ပြီဟေ့ဆိုရင်နှစ်ယောက်မရှိတဲ့ ဗီရား ရာဂါးဗားဆိုတဲ့ဇာတ်ရုပ်ကို Jr.N.T.R Ramarao ကအံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်ထားသလိုသူနဲ့ တွဲဖက် သရုပ်ဆောင်တဲ့ မင်းသမီးကနာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့Hritik Roshan ရဲ့Mohenjo Daro နဲ့Allu Arjun ရဲ့ DJ ဇာတ်ကားတွေမှာ ပါဝင်ခဲ့ဖူးတဲ့မင်းသမီးချော Pooja Hegde ဖြစ်ပြီးနောက်ထပ်ထွက်ရှိလာမယ့်Akshay Kumar ရဲ့ Housefull 4 နဲ့Mahesh Babu ရဲ့ Maharshi ဇာတ်ကားတို့မှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ဘက်ဂျက် 95 crore အသုံးပြုပြီးရိုက်ကူးခဲ့တဲ့ ဒီကားက Box Office မှာ 158 crore ပြန်လည်ရရှိခဲ့တာမို့ အထိုက်အလျောက် အောင်မြင်မှု ရခဲ့တယ်လို့ ဆိုရမှာပါ။တစ်ခုပြောချင်တာက ဒီမင်းသားရဲ့ နာမည်တစ်ခုရှိပါသေးတယ်။Young Tigerပါ။ နာမည်နဲ့လိုက်အောင် သွက်လက်မြန်ဆန်မှုကို မြင်တွေ့ရပါလိမ့်မယ်။အိန္ဒိယတောင်ပိုင်းကားဖြစ်လို့အိုဗာအက်ရှင်တွေကို မကြိုက်ဘူးဆိုရင်တောင် ဒီကားကို ကြိုက်မိပါလိမ့်မယ်။မြင်ဖူးနေကျ တောင်ပိုင်းကားတွေမှာလိုသတ်ဖြတ်နေရုံနဲ့ ဇာတ်လမ်းအဆုံးမသတ်ဘဲဒီကားမှာတော့ ထူးခြားနေပါတယ်။


 

0 comments:

Post a Comment