Rating : 6.1/10
Country : United state
Genre : Action, Thriller
Cast : Ryan Reynolds, Mélanie Laurent, Manuel Garcia-Rulfo
Released Date : 2019
Duration : 2h 8min
အညွှန်း
The best action movie of 2019 လို့တောင်ပြောလို့ရပါတယ် ကျွန်တော်တို့ရဲ့တကယ့်လောကမှာ ရုပ်ရှင်ဆန်တဲ့ နိုင်ငံရေးတွေ ရှီပါတယ်။အာဏာရှင်တွေရဲ့ ရက်ဆက်မှုတွေကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်ကြရတာတွေရှီပါတယ်။ဒီရုပ်ရှင်ဟာလည်း တကယ့်လက်တွေ့နိုင်ငံရေးကို action နဲ့ comedy ပေါင်းပြီးပုံဖော်သွားတာပါ။Ryan Reynolds ဟာ ဘီလီယံနာ နည်းပညာသမား ကမာ္ဘကို anti-hero style နဲ့ကယ်တင်ချင်သူတစ်ယောက်အနေနဲ့ ပါဝင်ထားပါတယ်။စစ်ဖြစ်နေတဲ့နိုင်ငံက အာဏာရှင်ကိုကို ဖြုတ်ချပြီး ဒီမိုကရေစီစနစ်နဲ့ ဦးဆောင်တဲ့နိုင်ငံဖြစ်ဖို့ mission ကို လူစုပြီး leader တစ်ယောက်အနေနဲ့ သူဟာလုပ်ဆောင်ပါတော့တယ်။သူ့ team မှာပါဝင်တဲ့သူတွေက သူတို့ရဲ့ကျွမ်းကျင်ရာ နယ်ပယ်မှာ ပစ်ချက်တွေနဲ့ထုတ်ပယ်ခံထားရတဲ့သူတွေပါ။စစ်အာဏာရှင်ကို ဖြုတ်ချပြီး ဒီမိုကရေစီစနစ်ကို လိုလားသူကိုတင်ဖို့ သူတို့ကြိုးစားကြတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာမလည်း သူတို့အဖွဲ့အောင်မြင်မှာလား ဆိုတာကတော့...။ဒီကားဟာ မြင်နေကျ Over action အရမ်းကြီးကြမ်းပြနေတာမျိုးမဟုတ်ပဲ Plan ချပြီး mission ကိုလုပ်ဆောင်ကြတဲ့အခါမှာ ကြုံရတဲ့ အခက်အခဲတွေကို သေသပ်တဲ့ action ပုံစံနဲ့ ရိုက်ပြသွားတာပါ။Action ကားအများစု ဟာ အတည်ပေါက်ကြီးတွေနဲ့ မြင်ရတာရိုးနေပါပြီ။ဒီကားဟာ Ryan Reynolds ရဲ့ထုံးစံအတိုင်း ဟာသဆန်တဲ့ ပုံစံနဲ့သွားတာပါ။ကွဲထွက်သွားတဲ့ပုံစံက ပုံမှန် Action ကားတွေမှာ လမ်းပေါ်မှာတိုက်ခိုက်ကြရင် ဘယ်သူမှအထိအခိုက်မရှီပေမယ့် ဒီကားမှာလမ်းပေါ်က လူတွေသေတာမျိုး အထိအခိုက်ရှီတာမျိုးတွေ အမြင့်ခုံတဲ့ အခန်းတွေမှာ တကယ့် Sky walker(jumper)တွေ ကားငါးမျိုးလောက် ထည့်ရိုက် သုံးပြတဲ့ နာရီတွေ ဖုန်းတွေ ကိုမသိမသာ ကြော်ငြာသွားတာကလည်း အသက်ပါပဲ။Background music တွေအရမ်းကောင်းသလို သီချင်းတွေကိုလည်း နာမည်ကြီးခဲ့တဲ့ EDM Remix တွေသုံးသွားပါတယ်။CAST နာမည်ကြီးတွေနဲ့ ရိုက်ချက်တွေကို သေသပ်စွာရိုက်သွားတာက ပေါ့ပေါ့ပါးပါးနဲ့ အကောင်းဆုံး non-stop action ကိုခံစားရမှာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။(ရုံတင်တုန်းက မကြည့်လိုက်ရတဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်)

0 comments:
Post a Comment