Tomie Replay (2000)


 

Rating : 6.0/10
Country : Japan
Genre : Horror
Cast : Sayaka Yamaguchi, Yôsuke Kubozuka, Ken'ichi Endô 
Released Date : 2000
Duration : 1h 35min

အညွှန်း
အသက်ခြောက်နှစ်အရွယ်ကလေးမလေးတစ်ယောက် အစာအိမ်ကြီးတဲ့ရောဂါနဲ့အရေးပေါ်ခွဲစိတ်ကုသရာမှ ကလေးရဲ့ဗိုက်ထဲမှာရှိနေတဲ့ ခေါင်းပြတ်တစ်ခုကို ခွဲထုတ်ရရှိခဲ့ပါတယ်ထိုခေါင်းပြတ်ကြီးကို ‌ဆေးရုံမြေအောက်ခန်းက ဓာတ်ခွဲခန်းထဲမှာတိတ်တဆိတ်လေ့လာနေရာ တဖြည်းဖြည်းကြီးထွားလာပြီး ခြေလက်အင်္ဂါအစုံကြီးထွားလာပြီး တိုမီအဲပြန်ဖြစ်လာခဲ့ပါတယ်
ခွဲစိတ်ခန်းဝင်ခဲ့ကြတဲ့အထဲမှ ဆေးရုံအုပ်ကြီးနဲ့သူနာပြုလေးယောက်မှာထူးဆန်းစွာပျောက်သွားပြီး ကျန်ခဲ့တဲ့ဆရာဝန်ဟာဆိုရင်လည်းဆေးရုံခေါင်မိုးထပ်မှ ခုန်ချသေဆုံးသွားပါတယ်မိတကွဲဖတကွဲနဲ့နေရတဲ့ ယုမီတစ်ယောက်သူ့အဖေဆေးရုံအုပ်ကြီး‌ပျောက်ဆုံးလို့လိုက်လံစုံစမ်းရင်း မျက်စိရှေ့တင် ကျန်ရစ်ဆရာဝန်သေဆုံးသွားတာမြင်ခဲ့ပါတယ်အဖေဖြစ်သူချန်ရစ်ခဲ့တဲ့ မှတ်စုစာအုပ်မှတစ်ဆင့် တိုမီအဲအကြောင်းတစ်စထက်တစ်စပိုပိုသိလာပြီး ဘယ်လိုတွေဖြေရှင်းမလဲ သတ်လို့လည်းမသေ သူ့သွေးထိတာနဲ့သူသွေးဆောင်ရာနောက်ပါအောင်လုပ်နိုင်တဲ့ တိုမီအဲရောဘယ်လိုအဆုံးသတ်မလဲဆိုတာဒီဇာတ်ကားလေးကို ကြည့်လိုက်ကြပါနော်

0 comments:

Post a Comment