The Holiday (2006)


 

Rating : 6.9/10
Country : United State
Genre : Comedy, Romance
Cast : Kate Winslet, Cameron Diaz, Jude Law 
Released Date : 2006
Duration : 2h 16min

အညွှန်း
အခုတလော အချစ်ကားလေးလည်းကြည့်ချင်တယ်
drama တွေခင်းနေတာလည်းမကြိုက်ဘူး
ဟာသလေးရော ပါချင်တယ် entertained လည်းဖြစ်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ ညွှန်းလိုက်ပါတယ်…British flim ဖြစ်ပြီး အချိန်အားဖြင့် christmas ကာလကိုနောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့
၃ နှစ်လောက်တစ်ဖက်သတ်ကြိုက်ခဲ့ရတဲ့ကောင်လေးက စေ့စပ်သွားလို့
ပူဆွေးဝမ်းနည်းနေတဲ့ အင်္ဂလန်နိုင်ငံ surray မြို့က Irish ဆိုတဲ့ကောင်မလေးနဲ့…
နှလုံးသားရေးရာမှာအဆင်မပြေ ရည်းစားနဲ့ပြတ်ပြီး အသည်းကွဲနေတဲ့ LA က Amanda ဆိုတဲ့ကောင်မလေးတို့
ခရစ္စမက်အားလပ်ရက်အပန်းဖြေခရီးအတွက် အိမ်ငှားတဲ့website တစ်ခုမှာ တွေ့ကြပါတော့တယ်…သူတို့ရဲ့ အချစ်ရေးပြဿနာတွေကနေလွတ်မြောက်အောင် မရောက်ဖူးတဲ့နေရာကိုသွားမယ်ဆိုပြီး
တစ်ယောက်နဲ့တစ်ယောက်အိမ်ချင်းလဲပြီးနေမယ်လို့ သဘောတူလိုက်ပါတော့တယ်
မမျှော်လင့်ပဲ local ကောင်လေးတွေနဲ့တွေ့ပြီး…
သူ့တို့အတွက် တကယ်မှန်ကန်တဲ့လက်တွဲဖော် ရှာတွေ့သွားမလားဆိုတာကတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုရမှာဖြစ်ပါတယ်
သရုပ်ဆောင်တွေကလည်း ငြင်းရက်စရာမရှိတဲ့အပြင် စိတ်အပန်းပြေစေတဲ့ကားကောင်းလေးမို့ တင်ဆက်ပေးလိုက်ရပါတယ် ။

0 comments:

Post a Comment