The Cuban (2019)


 

Rating : 6.4/10
Country : United State
Genre : Drama
Cast : Ana Golja, Louis Gossett Jr., Shohreh Aghdashloo
Released Date : 2019
Duration : 1h 49min

အညွှန်း
မီနာအိုက်ယူ ဆိုတဲ့ ကောင်မလေးဟာ အာဖဂန်စစ်ပွဲကြောင့် အဘိုးအဘွားတွေက အဒေါ်ဖြစ်သူနဲ့ အတူ အမေရိကန်မှာလာခိုလှုံဖို့ လွှတ်လိုက်တဲ့ကောင်မလေးဖြစ်ပါတယ်။အိုက်ယူဟာ ဆရာဝန်ဘွဲ့ရဖို့ ဆေးကျောင်းတက်ရင်း ဝင်ငွေအတွက်
သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာ သူနာပြုအလုပ် ဝင်လုပ်ပါတယ်။
ထိုဂေဟာမှာ အလုပ်စဝင်ဝင်ချင်း သူပြုစုပေးရတာက စိတ်ကြီးပြီး အစားအသောက် ကြေး(ချေး)များတဲ့ ပြဿနာအိုးအဘိုးအိုလူနာကြီးဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အိုက်ယူရဲ့ သည်းညည်းခံမှု၊ ဖြူစင်မှုကြောင့် လူနာအဘိုးအိုကြီး ဟာသူ့ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံလာပါတယ်။ ဒါပေမယ့်လည်း အဘိုးကြီးကိုစောင့်ရှောက်ရင်း အဘိုးကြီးရဲ့ ထူးဆန်းတဲ့ အတိတ်အကြောင်းတွေ သူသိလာရသလိုသူ့ဘ၀ အတွက် မျှော်လင့်မထားတဲ့ ဆိုးကျိုးတချို့ကို ပြန်ရင်ဆိုင်လာရပါ တော့တယ်။လူနာနဲ့ ဆရာဝန်-သူနာပြုကြားက ကြီးမားတဲ့သံယောဇဉ်၊ ချစ်သူတွေချင်း ကြားကလေးနက်တဲ့ချစ်ခြင်း၊ အဒေါ်နဲ့ တူမကြား နက်ရှိုင်းတဲ့ တွယ်တာမှု စတာတွေကို လှပစွာ ခြယ်မှုန်းသီခြယ်ထားတဲ့ချစ်ခြင်းမေတ္တာဖွဲ့သီမှု ဇာတ်လမ်းတစ်ပုဒ်ကို ကိုယ်တိုင် ခံစားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

0 comments:

Post a Comment