Seized (2020)


 

Rating : 5.5/10
Country : United State
Genre : Action, Thriller 
Cast : Scott Adkins, Mario Van Peebles, Karlee Perez
Released Date : 2020
Duration : 1h 25min

အညွှန်း
Boyka မင်းသားရဲ့ အက်ရှင်ကား အသစ်စက်စက်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။အေးဂျင့်ဟောင်းတစ်ဦးဖြစ်တဲ့ Richard ခေါ် Neroက မက်ဆီကိုမှာ သားဖြစ်သူနဲ့ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နေသူဖြစ်ပါတယ်။
သားဖြစ်သူ Taylorကတော့သူရဲ့မိခင်ဆုံးပါးမှုကိုလက်မခံနိုင်ဘဲ Neroနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်နေခဲ့ပါတယ်။
တစ်နေ့မှာTaylorကို မက်ဆီကိုလူဆိုးဂိုဏ်းတစ်ခုကပြန်ပေးဆွဲသွားပြီး Taylorကိုအသက်ရှင်လျက်ပြန်လိုချင်ရင်Neroကသူတို့ခိုင်းတဲ့အတိုင်းမက်ဆီကိုက လူဆိုးဂိုဏ်းခေါင်းဆောင်တွေကိုသတ်ပေးရမှာဖြစ်ပါတယ်။သူတို့ရဲ့ခြိမ်းခြောက်မှုအတိုင်း Neroတစ်ယောက်အန္တရာယ်များတဲ့လူဆိုးဂိုဏ်းတွေနဲ့ တစ်ယောက်တည်းရင်ဆိုင်ရပါတော့တယ်။
Neroတစ်ယောက်ဒီလူဆိုးဂိုဏ်းတွေနဲ့တိုက်ခိုက်မှုမှာအသက်ရှင်နိုင်ပါ့မလား။
သူ့ရဲ့သားTaylorကိုရောကယ်ဆယ်နိုင်ပါ့မလား။
သူ့သားကိုပြန်ပေးဆွဲသွားတဲ့လူဆိုးဂိုဏ်းရဲ့ရည်ရွယ်ချက်ကရော
ဘာတွေလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ကားလေးပါ။

0 comments:

Post a Comment