Paterson (2016)


 

Rating : 7.4/10
Country : United State
Genre : Comedy, Romance, Drama
Cast : Adam Driver, Golshifteh Farahani, Nellie
Released Date : 2016
Duration : 1h 58min

အညွှန်း
Patersonဇာတ်ကားဟာ အချစ် ကဗျာစာပေ နဲ့ မျှော်လင့်ချက်အိမ်မက် တွေအကြောင်း
အသားပေးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တယ်။ Patersonမြို့ရဲ့အလှအပကိုကဗျာဆန်ဆန်ခံစားပြထားသလို Paterson အမည်ရှိဇာတ်ကောင်က နေ့စဉ်ကြုံတွေ့ရသမျှကိုလည်း ကဗျာဆန်ဆန်တွေးပြီးခံစားပြထားပါတယ်။ ကဗျာခံစားတတ်သူတို့ရဲ့နူးညံ့တဲ့စိတ်သဘောထားနဲ့တခြားသာမန်လူတွေရဲ့နေ့စဉ်ဘဝအပေါ်မှာတုန့်ပြန်မှုစိတ်သဘောထားကို ယှဉ်ပြီးပြထားတယ်။ရိုးရှင်းတဲ့ဘဝပုံစံနဲ့ ဇနီးမောင်နှံနှစ်ဉီးရဲ့အပြန်အလှန်ချစ်ခင်ဖေးမမှုတွေကို ဇာတ်လမ်းထဲမှာကြည်နူးဖွယ်တွေ့နိုင်တယ်။ မျှော်လင့်ချက်တွေဟာ လက်တွေ့လုပ်ရင်ဖြစ်လာကြောင်းကို ပညာပေးဆန်ဆန်ပြထားပါတယ်။ အဆိုးတွေကြုံလာသည့်တိုင်အောင် အေးဆေးတည်ငြိမ်စွာတုံ့ပြန်တတ်တဲ့ကဗျာဆရာတစ်ဉီးရဲ့လှပတဲ့နှလုံးသားကိုမြင်တွေ့ရမှာပါ။မင်းသားကြီးAdam Driverအဓိကသရုပ်ဆောင်ထားပြီးကဗျာဆရာRon Padgettရဲ့ကဗျာတွေကိုအသုံးပြုထားတဲ့စိတ်နှလုံးအေးချမ်းမှုရသ ကိုပေးစွမ်းနိုင်တဲ့ စွဲမက်စရာဇာတ်ကားကောင်းလေးပါ။

0 comments:

Post a Comment