Happy Halloween, Scooby-Doo! (2020)


 

Rating : 6.7/10
Country : United State
Genre : Animation, Adventure, Comedy
Cast : Frank Welker, Matthew Lillard, Grey Griffin 
Released Date : 2020
Duration : 1h 20min

အညွှန်း
အောက်တိုဘာ 2 ရက်နေ့မှစတင်ဖြန့်ချီတဲ့ စကူဘီ-ဒူး ဇာတ်ကားလေးပဲဖြစ်ပါတယ်။
မေလကထွက်တဲ့ Scoob အပြီးမှာထပ်ထွက်တဲ့ 35th Animated Movie ဖြစ်ပါတယ်။
2018 ကထွက်ခဲ့တဲ့ Batman နဲ့ Crossover အပြီး နောက်ထပ် Link ချိတ်ထားတဲ့ကားပါခင်ဗျ။ဘာလို့လဲဆို ဆြာဘတ်ရဲ့ ရန်သူတော်ကြီးစာခြောက်ရုပ် ကရိန်းပါဝင်ထားလို့ပါပဲ။ ထုံးစံအတိုင်းပဟေဠိဖော်သူများအဖွဲ့က ဟောလိုးဝင်းမှာ ပဟေဠိတစ်ခုကိုဖော်ထုတ်ရင်း စာခြောက်ရုပ်နဲ့တည့်တည့်တိုးခဲ့ရပါတယ်။ စာခြောက်ရုပ်ကိုဖမ်းနိုင်ခဲ့ပြီး အောင်ပွဲခံချိန်မှာပဲ စကူဘီအဖွဲ့ရဲ့ အကုန်သွတ်၂ ကောင်ဖြစ်တဲ့ စကူဘီနဲ့ ရှက်ဂီတို့နှစ်ယောက် ဟောလိုးဝင်းမှာ မုန့်လိုက်တောင်းရင်း ဖရဲသီးသရဲကြီးနဲ့ပက်ပင်းတိုးခဲ့ရပါတယ်။ ထုံးစံအတိုင်း သုတ်ခြေတင်ပြီး အဖွဲ့ကိုပြော လူတွေကိုပြောပေမဲ့ဘယ်သူမှမယုံကြဘဲ သူတို့နှစ်ကောင်သာအရူးဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီပုစ္ဆာဟာ ပဟေဠိဖော်သူများရဲ့ ဉာဏ်ကြီးရှင်ဖြစ်တဲ့ ဗယ်မာကိုယ်တိုင်တောင် မတွေးတတ်အောင် ပဟေဠိဆန်လွန်းပြီး တကယ့်လက်တွေ့ဖြစ်ပျက်နေတော့ အားလုံးအခက်ကြုံခဲ့ရပါတော့တယ်။ ဒီတစ်ခေါက် ဖရုံသီးသရဲပဟေဠိကို စကူဘီတို့အဖွဲ့ဘယ်လို ဘယ်လိုဒုက္ခတွေရောက်ကြမလဲဆိုတာနဲ့  MIDB 6.7 ရရှိထားတဲ့ ပဟေဠိဖော်သူများအဖွဲ့ရဲ့ဟောလိုးဝင်းပုစ္ဆာဖြေရှင်းပုံများကို ကြည့်ရူအားပေးလိုက်ကြပါဦး။

0 comments:

Post a Comment