Foster Boy (2019)


 

Rating : 5.3/10
Country : United State
Genre : Drama, Mystery, Thriller 
Cast : Matthew Modine, Shane Paul McGhie, Lex Scott Davis
Released Date : 2019
Duration : 1h 49min

အညွှန်း
ကလေးသူငယ်စောင့်ရှောက်ရေးစင်တာကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရဆီက လက်လွှဲယူဖို့
ကြိုးစားနေတဲ့ လုပ်ငန်းစုကြီးကို ၁၉ နှစ်ပဲရှိသေးတဲ့ ပေတိပေစုတ် ဓားပြရုပ်ပေါက်နေတဲ့ လူမည်းကောင်လေးက တရားစွဲနေတယ်တဲ့။ ဂျမဲ ရန်ဒေါ့ ဆိုတဲ့ ဒီကောင်လေးက တရားရုံးကို တစ်နှစ် ၅ ခါလောက်ရောက်နေတတ်တဲ့၊ အချုပ်ခန်းကို အိမ်ဦးနဲ့ ကြမ်းပြင်လိုသဘောထားတဲ့ကောင်လေး ဒီကောင်လေးက ဘာကြောင့်များ ဒီလိုကုမ္ပဏီကြီးကို တရားစွဲထားတာလဲ။ တရားစွဲထားတယ်ဆိုပေမဲ့ သူ့ဘက်ကလျှောက်လဲပေးမယ့်ရှေ့နေတောင်မငှားနိုင်ပါဘူး။ ဒီအမှုကို သူနိုင်နိုင်ပါမလား။ ကံကြမ္မာရဲ့ဖေးမမှု ဒါမှမဟုတ် စိတ်ထားမှန်တဲ့လူတစ်ယောက် ဒါမှမဟုတ် ဖြောင့်မှန်တဲ့ တရားသူကြီး တစ်ယောက်ရဲ့ အကူအညီနဲ့ နာမည်ကျော်ရှေ့နေတစ်ယောက်က သူ့အတွက် လျှောက်လဲပေးမယ့်အခွင့်အရေး ရလာတယ်။ သူလို တေလေပုံပေါက်နေတဲ့ဆယ်ကျော်သက်ကောင်လေးနဲ့ လုပ်ငန်းစုကြီးတစ်ခုရဲ့ ရှေ့နေတဖြစ်လဲ သူ့ရဲ့ ရှေ့နေကတော့ တွေ့တွေ့ချင်းဆောက်နဲ့ထွင်း ဆိုသလို မတူတဲ့ လောကကလူနှစ်ယောက် ထိပ်တိုက်တွေ့မိပြီး အဆင်မပြေဖြစ်ကြတယ်။ဂျမဲ ရဲ့ ရှေ့နေ မိုက်ကယ် ထရိန်နာ ဆိုတာက ငို့ဘရှေ့နေတစ်ယောက် အလကားဝင်ကူညီပေးရတဲ့ သူ့အမှု့ကိုမြန်မြန်ဖြတ်ပြီး သူ့အလုပ်သူအမြန်ပြန်သွားလုပ်ချင်နေတဲ့သူ။ ကျေအေးလိုက်ဖို့ပဲ လုံးပန်းနေပေမဲ့ အမှုသည်ဂျမဲက လုံးဝမကျေအေးပေးနိုင်တာနဲ့ တရားသူကြီးမင်းရဲ့ တရားပြမှုတွေကြောင့် ငွေနောက်ကိုပဲ သဲသဲမဲမဲလိုက်နေတဲ့ ရှေ့နေကြီးတစ်ယောက် သူ့ရဲ့လူသားဘက်ခြမ်းကို ပြန်ရှာတွေ့သွားပြီး ဂျမဲရဲ့ အမှုကို ဆုံးခန်းတိုင်အောင်ကူညီပေးခဲ့ပါတယ်။ အသွင်မတူတဲ့သူတို့နှစ်ယောက် တရားခွင်မှာ ဘယ်လိုအတွဲညီညီနဲ့ အနိုင်ယူကြမလဲ။ဘယ်လိုအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမယ်ဆိုတာကို ဇာတ်လမ်းမှာကြည့်လိုက်ကြပါတော့။

0 comments:

Post a Comment