13 (2010)


 

Rating : 6.1/10
Country : United State
Genre : Crime, Drama, Thriller
Cast : Sam Riley, Alice Barrett, Gaby Hoffmann
Released Date : 2010
Duration : 1h 31min

အညွှန်း
ဘယ်လိုမျိုး ရုပ်ရှင်ကို ကြည့်ရတာ သ​ဘောကျကြလဲ။ ဒီ​မေးခွန်းက ဘယ်လိုအမျိုးအစားလဲလို့ ​မေးတာမျိုးမဟုတ်ပါဘူး။ ဘယ်လိုအ​နေအထားရှိတဲ့ ရုပ်ရှင်လဲဆိုတာကို​ပြောတာပါ။ စကား​တွေအများကြီး​ပြောတာကိုကြိုက်လား စကားလည်းနည်းနည်းနဲ့ ထိထိမိမိရိုက်ထားတဲ့ကား​တွေကို သ​ဘောကျကြလား။ စကား​တွေအများကြီး​ပြောမှကြိုက်တယ်ဆိုရင်​တော့ ဒီကားကိုမကြည့်ဖို့အကြံ​ပေးချင်ပါတယ်။

ဒီဇာတ်ကားမှာက လိုအပ်တဲ့စကားကိုပဲ​ပြောပြီး​တော့ အလာပသလာပ​တွေမ​ပြောတဲ့ ဇာတ်လမ်းမျိုးပါ။ ​နောက်တစ်ခုက ရုပ်ရှင်မှာ Rating ​တွေ ဘာ​တွေကိုကြည့်ပြီး ကြည့်တဲ့လူ​တွေရှိကြလား။ အဲ့လိုဆိုရင်​တော့ အဲ့ဒီစိတ်​တွေကို​ပြောင်းပစ်လိုက်​​စေချင်ပါတယ်။ ဘာလို့လဲဆို​တော့ လူတိုင်းက ကိုယ့်အကြိုက်နဲ့မတူကြပါဘူး။ သူတို့ကြိုက်တိုင်း ကိုယ်ကြိုက်ချင်မှ ကြိုက်မှာပါ။ အဲ့ဒီအအချက်​ကြောင့်ပဲ ဒီဇာတ်ကား​လေးကို တင်ဆက်​ပေးတာပါ။

ဇာတ်လမ်းနာမည်​လေးက​တော့ ရှင်းပါတယ် ၁၃ ပါ။ ဟုတ်ပါတယ် နံပါတ် ၁၃ ကိုရည်ညွှန်းပါတယ်။ ၁၃က Psychological Crime Thriller အမျိုးအစားဖြစ်ပါတယ်။ Director က​တော့ ​ဂျော်ဂျီယန်-ပြင်သစ် ဒါရိုက်တာ Géla Babluani ပဲဖြစ်ပါတယ်။ နာမည်​တော့လဲမကြီးပါဘူး။ ရုပ်ရှင်ဆိုမှ ၃ကားနဲ့ ဇာတ်လမ်းတို​လေးတစ်ပုဒ်ပဲရိုက်ဖူးတာပါ။ ၁၃ ဆိုတဲ့ ကားကလဲ အရင်သူရိုက်ခဲ့ပြီးသား ​အောင်မြင်ပြီးသား 13 Tzameti ဆိုတဲ့ ဇာတ်ကားကို အ​မေရိကန်ဗားရှင်းအ​နေနဲ့ ပြန်လည်ဆန်းသစ်ပြီး​တော့ ရိုက်ကူထားတာဖြစ်ပါတယ်။ Rating ​တွေလိုက်ကြည့်ရင်​တော့ မူရင်းကားကို ​မမှီပါဘူး။ IMDb မှာ 6.1 နဲ့ Rotten Tomatoes မှာ 8% ပဲရှိပါတယ်။

မင်းသားအ​နေနဲ့က​တော့ အဓိကသရုပ်​ဆောင်က Sam Riley ပဲဖြစ်ပါတယ်။ Sam Riley ကို မြင်ဖူးသလိုရှိလို့ ရှာကြည့်လိုက်​တော့ Maleficent ဇာတ်ကားမှာပါတယ်လို့​တော့ သွား​တွေ့ပါတယ်။ ​သေချာမကြည့်ဖူးတဲ့အတွက်​ကြောင့် အဲ့ဒီအ​ကြောင်း​တော့ မ​ပြော​တော့ပါဘူး။ ​နောက်တစ်​ယောက်က​တော့ ပိုစတာမှာ အလည်တည့်တည့်မှာ ထီးထီးကြီးရှိ​နေတဲ့ Jason Statham ပါ။ Jason ကို​တော့ ​တော်​တော်များများသိကြမယ်ထင်ပါတယ်။ The Transporter က​နေစပြီး​တော့ Fast & Furious ဇာတ်လမ်း​တွေအထိ ​အောင်မြင်မှု​​တွေရထားတဲ့သူပါ။ ​နောက်တစ်​ယောက်က​တော့ 50 Cent ပါ။ Rapper ​တွေ​တော်​တော်များများ​တော့ 50 Cent ကို မသိမယ်မထင်ပါဘူး။ သီချင်း​တွေလဲများစွာထုတ်ထားသလို ရုပ်ရှင်​တွေကိုလဲ ရိုက်​နေတဲ့ Rapper တစ်​ယောက်ပါ။

ဇာတ်လမ်းအ​ကျဥ်း​​လေးကို မ​ပြောခင်မှာ အရင်ဆုံး​ပြောချင်တာက​တော့ Russian Roulette ဆိုတာကိုသိကြလား။ ​သေနတ်တစ်လက် ကျည်​တစ်​တောင့်နဲ့ ​သေနတ်ကို လှည့်ပြီးဖြစ်ဖြစ် အလှည့်ကျစီပဲဖြစ်ဖြစ် ပစ်ကြတဲ့ ကစားနည်းပါ။ ကစားနည်းလို့ သုံးလို့သင့်​တော်ပါ့မလား​တော့မသိဘူး။ က​စားသမား​​တွေ ​သေဖို့ အခွင့်အ​ရေးက ၅၀ ၅၀ ဖြစ်​နေလို့ပါ။

ကဲဇာတ်လမ်းအကျဥ်း​​လေးကို​ပြောရရင်​တော့ Sam Riley တို့ရဲ့ မိသားစုက ဆင်းရဲတယ်။ Sam အ​ဖေကလဲ ​ဆေးရုံတက်​နေရတယ်။ အဲ့ဒီအတွက် ​ငွေလိုတယ်။ Sam က သာမန်မီးပြင်တဲ့လူ။ တစ်​နေ့ကျ​တော့ သူမီးပြင်​နေတဲ့လူရဲ့ အိမ်မှာ​ပြော​နေကြတာကို တစ်စွန်းတစ်စကြားလိုက်တယ်။ ပိုက်ဆံ​တွေအများကြီးရနိုင်တယ်ဆိုတာကို​ပေါ့။ ​ငွေလိုတဲ့ Sam ကအ​ကြောင်း​ကြောင်း​ကြောင့် ခုနက ​ငွေရနိုင်တယ်လို့ သူသိထားတဲ့ စာအိတ်ကို ခိုးလာပြီး​တော့ ​ဖောက်ကြည့်ပါ​တော့တယ်။ အထဲမှာညွှန်ကြားချက်​တွေနဲ့ ဖုန်းတစ်လုံးပဲပါတယ်။ ​ငွေလိုတဲ့ Sam တစ်​ယောက်လဲ ​ပြောထားတဲ့အတိုင်း လုပ်တယ်ဆိုပါ​တော့။

0 comments:

Post a Comment