Rating : 3.7/10
Country : United State
Genre : Horror, Thriller
Cast : Jemima West, Christopher Dane, Rebecca Hanssen
Released Date : 2020
Duration : 1h 29min
Country : United State
Genre : Horror, Thriller
Cast : Jemima West, Christopher Dane, Rebecca Hanssen
Released Date : 2020
Duration : 1h 29min
အညွှန်း
သည်းထိတ်ရင်ဖို ကြိုက်ကြတဲ့သူတွေအတွက် ဒီဇာတ်ကားလေးကအကြိုက်တွေ့စေမှာပါ။
Horror ကိုမှ အရမ်းကြောက်ဖို့ကောင်းတဲ့ဘက်မသွားဘဲ သည်းထိတ်ရင်ဖို အရသာလေးပေးတဲ့ကားမျိုးပါ
ဇာတ်လမ်းအကျဉ်းကတော့စစ်ပွဲကိုဆရာဝန်အနေနဲ့တာဝန် ထမ်းဆောင်ရာကပြန်လာတဲ့အမျိုးသမီး Izzy တကယ်တော့ စစ်သားအနေနဲ့ပါတာဝန်ထမ်းခဲ့သူပါ။
သူ့ရဲ့အိမ်အပြန်လမ်းကတော့ ပျော်စရာလေးပေါ့
ချစ်ရတဲ့ခင်ပွန်း သမီးကြီး သားငယ် မွေးဖွားပြီးချင်းချန်ထားခဲ့ရတဲ့ သမီးအငယ်ဆုံးလေးနဲ့ တကယ်ပျော်စရာပါပဲ။
ဒါပေမဲ့ တစ်ရက်ပြီးတစ်ရက် သားလေး Tommy ကထူးဆန်းတာတွေလုပ်နေတာသတိထားမိလာတယ်။
ဂါထာမန္တန်တွေရွတ်နေတာမျိုး ရေဒီယိုနဲ့ညဘက်တွေစကားပြောနေတာမျိုး တို့ပေါ့။
ဒါ့အပြင် Izzy ဟာလည်း ပစ္စည်းတွေရွေ့နေတာ အရိပ်တွေမြင် နေအသံတွေကြားလိုက်တစ်ယောက်တည်းယောင်တောင်တောင် ဖြစ်နေခဲ့ပါတယ်။
ဘယ်လိုပဲပြောပြောသူပြောတာကို ခင်ပွန်းက မယုံခဲ့ပါဘူး။ စစ်ပွဲက အပြန် PTSD ကြောင့်ထင်ယောင်ထင်မှားဖြစ်နေတာလို့တွေးပြီး စိတ်ရောဂါပညာရှင်ဆီတောင်သွားပြခိုင်းခဲ့ပါသေးတယ်။
နောက် သူတို့ စိတ်အပန်းပြေဖို့ ဟာဝိုင်ယီကိုအလည်အပတ်ထွက်ဖို့သွားတဲ့အခါမှာတော့ Tommy ကရေကန်ကြီးတစ်ခုဆီခေါ်သွားခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း……ဇာတ်လမ်းရဲ့ လှည့်ကွက်က ဒီအပိုင်းမှာရိုက်ပြထားတာပါ နောက်ဆုံး ဘာတွေမှားနေလဲ Izzy သိသွားမလား တကယ်တမ်း သူမြင်နေရတာဘာတွေလဲ
Tommy စကားပြောပြောနေတာဘယ်သူလဲ ရေကန်ကြီးထဲမှာဘာတွေရှိနေလဲဆိုတာကို
ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်

0 comments:
Post a Comment