Rating : 6.1/10
Country : United State
Genre : Action, Adventure, Comedy
Cast : Javier Rey, Verónica Echegui, Brays Efe
Released Date : 2020
Duration : 1h 36min
Country : United State
Genre : Action, Adventure, Comedy
Cast : Javier Rey, Verónica Echegui, Brays Efe
Released Date : 2020
Duration : 1h 36min
အညွှန်း
ရုပ်ရှင်ချစ်သူတို့အတွက် Netflix ကအသစ်ထွက်ရှိထားတဲ့ စပိန်ကားကောင်းလေးလဲ မိတ်ဆက်ပေးလိုက်ပါတယ်။ စုံထောက်ကားလေးဖြစ်တာမို့ thriller&mystery ဆန်ပေးမယ် ဟာသဆန်ဆန်ရိုက်ကွက်လေးတွေလည်း ပါတာမလို့ ကြည့်ရတာ အဆင်ပြေစေမှာပါ။ဒီကားလေးက superheroes တော်တော်များများရဲ့ စတင်ရာ မူရင်းဇာတ်လမ်းလေးတွေနဲ့ ချိတ်ပြီးရိုက်ကူးထားတာပါ။
စပိန်၊ မက်ဒရစ်မြို့လေးကို ဒေးဗစ်ဆိုတဲ့ စုံထောက်အသစ်လေးရောက်လာပါတယ်။ သူရောက်တဲ့အချိန်မှာပဲ ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဆိုသလိုဖြစ်လာပါတယ်။ ကွင်းဆက်လူသတ်သမားက superheroes တွေရဲ့ မူရင်းဇာတ်ကိုယူပြီး လူသတ်ထားတာပါ။ ပြဿနာက superheroes တွေကို နည်းနည်းမှမယုံတဲ့ ဒေးဗစ် တစ်ယောက် အဲ့အကြောင်းတွေကို တစက်လေးမှ မသိနေတာပါ။ အဲ့တာကြောင့် အထက်အရာရှိ နော်မာ က သူ့ကို ကူညီပြီး အမှုလိုက်ပေးမယ့် သူတစ်ယောက်ကို ရှာပေးခဲ့ပါတယ်။
အဲ့တာကတော့ အငြိမ်းစားအရာရှိကြီးတစ်ဦးရဲ့ သားဖြစ်တဲ့ ရုပ်ပြစာအုပ်ပိုင်ရှင် ဂျော့ပါပဲ။ ဂျော့ကတော့ ဒေးဗစ်နဲ့ ဆန့်ကျင်ဖက်ပါ။ ရုပ်ပြတွေကို ရူးရူးမူးမူးစွဲလမ်းပြီး ဇာတ်လမ်းတိုင်းကို မှတ်မိနေသူပါ။ အဲ့လိုဆန့်ကျင်ဖက် လူနှစ်ယောက်ပေါင်းပြီး အမှုလိုက်ရာမှာ ဘယ်လိုအလွဲတွေဖြစ်လာမလဲ။ ကွင်းဆက်လူသတ်သမားကိုရော ရှာတွေ့နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းလွန်းလို့ ဆက်လက်ကြည့်ရှုပေးကြပါဦး။ ရုပ်ပြစာအုပ်တွေနဲ့ heroes တွေfရဲ့ အမည်အများစုကို ဘာသာပြန်ရာမှာ မူရင်း အင်္ဂလိပ်နာမည်များကိုသာ သုံးစွဲထားပါတယ်။

0 comments:
Post a Comment