The Burnt Orange Heresy (2019)


 

Rating : 5.8/10
Country : United State
Genre : Action, Drama, Thriller 
Cast : Elizabeth Debicki, Donald Sutherland, Claes Bang
Released Date : 2019
Duration : 1h 39min

အညွှန်း
ဒီတစ်ခါတော့ လူတွေရဲ့သဘာဝကို ထင်ဟပ်နေတဲ့ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ဂျိမ်းဖီဂရယ်ဆိုတဲ့ အနုပညာဝေဖန်ရေးစာရေးဆရာ တစ်ယောက်ရှိပါတယ်။ သူကတော့ ပန်းချီတွေကို ဝေဖန်အကဲဖြတ်တဲ့သူပါ။ သူ့ရဲ့ အိမ်မက်က တစ်နေ့မှာ အီတလီမှာရှိတဲ့ အကြီးဆုံး ပန်းချီပြခန်းတွေထဲက တစ်ခုမှာ တာဝန်ခံဖြစ်လာဖို့ပါပဲ။ အောင်မြင်ဖို့ကြိုးစားနေတဲ့ လူငယ်လေးတစ်ယောက်ပေါ့။

ဒီလိုနဲ့ သူဟာ တစ်နေ့မှာ ဘရစ်နေးဟော်လီဆိုတဲ့ အမျိုးသမီးလေးနဲ့ တွေ့ခဲ့ပါတယ်။ ဝေဖန်ရေးဆရာဆိုတာ တကယ်တော့ အနုပညာလက်ရာတစ်ခုကို မြင်တဲ့အတိုင်း ခံစားရတဲ့အတိုင်း ပြောပြရတယ်လို့ ဘရစ်နေးဆိုတဲ့ ကောင်မလေးက ခံယူထားတာပါ။ အဲ့အချိန်မှာပဲ သူ့ကို ဂျိုးဇတ်ကဒ်စီဒီဆိုတဲ့ ပန်းချီကားစုဆောင်းသူက အလုပ်တစ်ခုအပ်ချင်လို့ သူ့စံအိမ်ဆီဖိတ်ခေါ်ခဲ့ပါတယ်။

ဒါနဲ့ သူလည်း ဘရစ်နေးနဲ့ အတူ ဂျိုးဇတ်ဆီကို ထွက်လာခဲ့ပါတယ်။ သူလုပ်ပေးရမဲ့အလုပ်ကတော့ ဘယ်သူ့ကိုမှ သူ့ရဲ့လက်ရာတွေထုတ်မပြတော့တဲ့ ဒတ်နေးဆိုတဲ့ ပန်းချီဆရာကြီးဆီက ပန်းချီတစ်ချပ်ကို ခိုးယူပေးဖို့ပါပဲ။ အောင်မြင်ရင် ရလာမဲ့ အခွင့်အရေးတွေက မက်လုံးကြီးလှတဲ့အတွက် ဂျိမ်းတစ်ယောက် လက်ခံချင်စရာပါပဲ။

အဲ့ဒီအခွင့်အရေးကို လက်ခံပြီး သူ့အိမ်မက်တွေဆီကို အရောက်သွားမလား ဒါမှမဟုတ် ဘရစ်နေးမျှော်လင့်ထားတဲ့ စစ်မှန်တဲ့ ဝေဖန်ရေးသမားတစ်ယောက်ပီသအောင်နေသွားမလားဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။

0 comments:

Post a Comment