The Happiness of a Mother (2019)


 

Rating : 4.6/10
Country : Vietnam
Genre : Drama, Family
Cast : Lam Vinh Hai, Cong Ninh Nguyen, Cat Phuong 
Released Date : 2010
Duration : 1h 33min

အညွှန်း
မိခင်တွေဆိုတာ မိမိရဲ့ရင်သွေး ဘယ်အခြေအနေပဲရောက်ရောက် မေတ္တာမပျက်တတ်ကြပါဘူး2019 မှာထွက်ရှိခဲ့တဲ့ ဒီဗီယက်နမ်ရုပ်ရှင်လေးကတော့ autism ဖြစ်နေတဲ့ကလေးငယ်လေးတစ်ယောက်နဲ့သူရဲ့မိခင်တို့ကြားက နွေးထွေးတဲ့မေတ္တာကိုဖော်ကျူးထားတာပဲဖြစ်ပါတယ်ခင်ပွန်းဆုံးပါးပြီးတဲ့နောက်မှာ တယ်ရ်ဟာ အလုပ်ကြမ်းမျိုးစုံလုပ်ပြီးသားငယ်လေးကို ပြုစုပျိုးထောင်ခဲ့ပါတယ် သူမရဲ့သား တင်မ်ကိုသာမာန်ကလေးတွေလိုပဲယူဆပြီး
ကျောင်းထားခဲ့ပါတယ် ဒါပေမဲ့ တင်မ်ဟာ သူ့အမေရဲ့နာမည် ” တယ်ရ် ” ဆိုတဲ့စကားလုံးကလွဲရင် ဘာမှမပြောတတ်ရှာပါဘူးဒါကြောင့် တင်မ်ကျောင်းထွက်ခဲ့ရပါတယ် ထူးခြားတာတစ်ခုကတော့ တင်မ်ဟာပုံမှန်ဆိုရင် ဘယ်လိုအပြုအမူမျိုးကိုမှ တုံ့ပြန်လေ့မရှိပေမယ့်ရုပ်မြင်သံကြားကလာတဲ့ Magical Dance Show ကိုတော့ ကြိုက်နှစ်သက်တဲ့ပုံပေါ်ပါတယ်သူမရဲ့သားဟာ autism ဖြစ်နေတယ်ဆိုတာသိသွားတဲ့နောက်မှာတော့တယ်ရ်တစ်ယောက် ဘယ်လိုများရှေ့ဆက်မလဲ သားငယ်လေးကိုဘယ်လိုပြုစုပျိုးထောင်မလဲ စိန်ခေါ်မှုတွေကိုအတူတူ ဘယ်လိုရင်ဆိုင်မလဲဆိုတာကြည့်ရင်းမိခင်မေတ္တာကိုလည်း အပြည့်အဝ ခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ

0 comments:

Post a Comment