Britt-Marie Was Here (2019)


 

Rating : 5.2/10
Country : United State
Genre : Comedy, Drama, Sport
Cast : Vera Vitali, Pernilla August, Lancelot Ncube 
Released Date : 2019
Duration : 1h 37min

အညွှန်း
အားကစားကိုကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတွေကြိုက်မယ့် ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ မမှားပါဘူး.ဇာတ်လမ်းအကျဉ်းကတော့ အသက် ၆၃နှစ်အရွယ်ဘရစ်မယ်ရီဟာ အိမ်မှုကိစ္စဆို သိပ်ကိုနိုင်နင်းပြီး
ယောကျာ်းကို မှီခိုနေထိုင်ရတဲ့ မိန်းမတစ်ဦးပါ.
နှစ်လေးဆယ်ကျော် ငြိမ်းချမ်းနေခဲ့တဲ့ သူမဘဝဟာတနေ့မှာတော့ ကံကြမ္မာအပြောင်းအလဲဖြစ်ခဲ့ရပါတယ်.အဲ့ဒါကတော့ သူမရဲ့ ခင်ပွန်းဖြစ်သူ ကန့်ဟာ နောက်အိမ်ထောင်ရှိနေလို့ပါပဲ.သူမရဲ့ ခင်ပွန်းဖြစ်သူရဲ့ သစ္စာမဲ့မှုကို စိတ်နာပြီး ကွာရှင်းဖို့ ဆုံးဖြတ်ကာအလုပ်တစ်ခု ရှာခဲ့ပါတယ်.ဒီဇာတ်လမ်းရဲ့ အဓိကသော့ချက်ကလဲ ဒီအလုပ်ပါပဲ.လူမှုဖူလုံရေးမှာ အလုပ်သွားရှာရင်းနဲ့ သူမရဲ့ အသက်အရွယ်ကြောင့်အလုပ်က ရှာရခက်နေပေမယ့် သူမနဲ့ ကိုက်ညီမယ့် အလုပ်လေးတစ်ခုကို ရရှိခဲ့ပါတယ်.အဲ့ဒါကတော့ လူငယ်အကြံပေးအဖြစ် ဘော့ဂျ်မြို့ရဲ့ ကလေးဘောလုံးအသင်းကို နည်းပြလုပ်ရမယ့် အလုပ်ပါပဲ.သူမကလဲ အလုပ်လိုနေတာကြောင့် ရရင်ပြီးရောလုပ်ခဲ့ပေမယ့် ဘောလုံးအကြောင်း နကန်းတစ်လုံးမှနားမလည်ပါဘူး.ဒါပေမယ့် သူနည်းပြရမယ့် ကလေးတွေရဲ့ဘဝကို တဖြည်းဖြည်း နားလည်လာပြီးသံယောဇဉ်ဖြစ်ကာ အကောင်းဆုံးကြိုးစားရင်းဘဝကို ရုန်းကန်သွားတာတွေ စိတ်ဓာတ်ခွန်အားတွေကိုချပြထားတယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပါ.positive thinkingတွေအများကြီးနဲ့ရိုက်ကူးတင်ဆက်ထားတဲ့Sport typeဇာတ်လမ်းဖြစ်တာကြောင့် စိတ်ညစ်နေတဲ့လူတွေ၊ ဘဝကို စိတ်ကုန်နေတဲ့လူတွေ ကြည့်သင့်ပါတယ်.ဇာတ်လမ်းလေးကို ကြည့်ရှုခံစားရင်းဘဝအမောတွေကို ဖြေဖျောက်လိုက်ကြရအောင်လားဗျာ

0 comments:

Post a Comment