Redeemer (2014)

Rating : 5.3/10
Country : India
Genre : Action, Crime   
Cast :   Marko Zaror, José Luís Mósca, Loreto Aravena 
Released Date : 2014
Duration:  1h 28min

အညွှန်း
အက်ရှင်ကားတွေထဲမှာမှ ထူးထူးခြားခြား ချီလီအက်ရှင်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းမပြောခင် ဒီကားထဲက မင်းသား Marko Zaror အကြောင်း အရင်ပြောချင်ပါတယ် ချီလီမင်းသားတွေထဲမှာမှ Mandrill (2009) တို့ Kiltro (2006) တို့လို ခပ်ကြမ်းကြမ်း အက်ရှင်ကားတွေရိုက်ပြီး Hollywood စျေးကွက်ကို ထိုးဖောက်နေတဲ့ မင်းသားကိုပြောပါဆိုရင် ကျနော်ကတော့ Marko Zarorလို့ပဲပြောမှာပါ အက်ရှင်ကားတွေရိုက်တိုင်း stunt မသုံးဘဲ ကိုယ်တိုင် သရုပ်ဆောင်လေ့ရှိတဲ့ Marko Zaror က လက်တွေ့ဘဝမှာလဲ ကိုယ်ခံပညာ အထူးတတ်ကျွမ်းသူတစ်ယောက် ဖြစ်ပါတယ် ဒါရိုက်တာ Ernesto Díaz Espinoza ဟာဆိုရင်လည်း ဂန္တဝင်လက်ရာတွေကို ဖန်တီးတဲ့နေရာမှာ အင်မတန်ထူးချွန်တဲ့ ဒါရိုက်တာတစ်ယောက်ပါ ပါရမီရှင် မင်းသားနဲ့ ထူးချွန်တဲ့ ဒါရိုက်တာတို့ရဲ့ ပေါင်းစပ်မှုက သူမတူအောင် ထူးခြားနေမယ်ဆိုတာတော့ သေချာပါတယ် ဇာတ်လမ်းအကျဉ်းကတော့ မူးယစ်ဆေးကုန်သည်ကြေးစားတစ်ယောက်က သူ့အပြစ်တွေအတွက် သွေးကြွေးပြန်ဆပ်ဖို့ကြိုးစားတဲ့အကြောင်းကို အက်ရှင်ခန်းအပြည့်နဲ့ ခံစားရမှာဖြစ်ပါတယ်း 


 

0 comments:

Post a Comment