Jab Harry Met Sejal (2017)

Rating : 5.3/10
Country : India
Genre : Comedy, Drama, Romance 
Cast :   Shah Rukh Khan, Anushka Sharma, Björn Freiberg 
Released Date : 2017
Duration:  2h 23min

အညွှန်း
မင်းသားရှာရွတ်ခန်းနဲ့ မင်း သမီး အနွတ်ရှ်ကာရှားမားတို့က ခေါင်းဆောင် ပါဝင်ထားတာဖြစ်ပြီး သူတို့နှစ်ယောက် ပူးတွဲသရုပ်ဆောင်တဲ့ တတိယမြောက်ဇာတ်ကားဖြစ်သလို ပါရာဂွေး၊ အမ်စတာဒမ်၊ ဗီယင်နာ၊ လစ္စ ဘွန်းနဲ့ ဘူဒါပက်စ်က ရှုခင်းအလှ အပတွေကိုပါ ခံစားကြည့်ရှုရမှာပါ။

ဟာရင်ဒါဟယ်ရီဆင်းန်နီ ဟာရာဟာ အမ်စတာဒမ်က ဧည့် လမ်းညွှန်တစ်ယောက်ဖြစ်ပြီး စန်းပွင့်သူ ဖြစ်သလို ခင်မင်တတ်၊ ကူညီတတ်သူတစ်ယောက်ဖြစ်ပါ တယ်။ တစ်ရက်မှာတော့ သူဂိုက်လုပ်ပေးနေတဲ့ ဂူဂျာရာတီမိသားစု ကို လေဆိပ်လိုက်ပို့အပြီးမှာတော့ ပြဿနာလေးတစ်ခု စပါတော့ တယ်။

ဂူဂျာရာတီ မိသားစုဝင်တစ် ယောက်ဖြစ်တဲ့ ဆီဂျယ်ဇာဗာရီ ဟာ ခရီးစဉ်မှာ သူ့ရဲ့စေ့စပ်လက် စွပ်ပျောက်သွားလို့ပဲ ဖြစ်ပါတယ်။ လက်စွပ်ပြန်ရှာချင်တဲ့ ဆီဂျယ်ကို ဟယ်ရီက ကူညီပေးဖို့ အင်တင် တင်ဖြစ်နေပေမယ့်လည်း အတူ လိုက်ရှာပေးခဲ့ပါတယ်။

ဟယ်ရီဟာဂူဂျာရာတီ မိသားစုကို လိုက်ပို့ခဲ့တဲ့ နေရာ တွေအကုန်လုံးကို ဆီဂျယ်နဲ့အတူ ပြန်သွားပြီး လက်စွပ်လိုက်ရှာခဲ့ ကြပါတယ်။ အဲဒီလိုသွားရင်းနဲ့ ဟယ်ရီဟာ ဆီဂျယ်ကို စိတ်ဝင် စားခဲ့ပေမယ့် စေ့စပ်လက်စွပ်ရှိ နေတာမို့ ပိုင်ရှင်ရှိနေတယ်ဆိုပြီး ဖွင့်မပြောခဲ့ပါဘူး။

နောက်တော့ လက်စွပ်ကို ဂက်စ်ဆိုတဲ့ လူဆိုးတစ်ယောက် က ခိုးယူသွားတယ်လို့ ယူဆပြီး ဂက်စ်ဆီမှာ လက်စွပ်ပြန်တောင်း ရင်း လူဆိုးအဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ ဟယ်ရီဒဏ် ရာရသွားတဲ့အတွက် ဆီဂျယ်က သူ့အိတ်ထဲကဆေး သွားယူရင်း လက်စွပ်က အိတ်ထဲမှာရှိနေတာ တွေ့ခဲ့ပြီး ဟယ်ရီကိုတော့ လက် စွပ်ပြန်တွေ့တဲ့အကြောင်း မပြော ခဲ့ပါဘူး။

နောက်ရက်မှာတော့ ဖရန့်စ် ဖတ်မှာလုပ်မယ့် ဟယ်ရီ့သူငယ် ချင်း မင်္ဂလာဆောင်ကို ဟယ်ရီနဲ့ ဆီဂျယ်အတူ သွားခဲ့ကြပြီး မင်္ဂလာပွဲအပြီးမှာ အချေအတင်တစ်ခုဖြစ် ကြကာ ဆီဂျယ်အိန္ဒိယကို ပြန်သွားခဲ့ပါတယ်။ လေဆိပ်ကိုရောက် တော့မှ ဆီဂျယ်က သူ့လက်စွပ်က အိတ်ထဲမှာ အထားမှားပြီး ပျောက်နေတာဖြစ်တယ်လို့ ဟယ်ရီကို အသိပေးခဲ့ပါတယ်။

ဒီလိုနဲ့ ဆီဂျယ်လည်း အိန္ဒိယကို ပြန်သွားပြီး ဟယ်ရီလည်း သူ့အလုပ်သူ ပြန်လုပ်နေပေမယ့် ဆီဂျယ်ကို မေတ္တာရှိနေတာ ကြောင့် တစ်ချိန်လုံး သတိရနေ သလို ဆီဂျယ်ရဲ့ မင်္ဂလာပွဲသွား မယ်ဆိုပြီး ဟယ်ရီတစ်ယောက် အိန္ဒိယကို လိုက်သွားခဲ့ပါတယ်။

ဆီဂျယ်က အိန္ဒိယမှာ တကယ်ကော မင်္ဂလာဆောင်ဖြစ် ရဲ့လား။ ဟယ်ရီကကော ဆီဂျယ် အပေါ် မေတ္တာရှိနေတဲ့အကြောင်း ပြောဖို့ အခွင့်ကြုံပါ့မလား။ သူတို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း က ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲ ဆိုတာတော့ ရုပ်ရှင်ပိတ်ကားပေါ် မှာ ကိုယ်တိုင်ကြည့်လိုက်ကြပါ။း 


 

0 comments:

Post a Comment