Thani Oruvan (2015)


Rating : 8.4/10
Country : India
Genre :   Action, Crime, Thriller 
Cast :  Jayam Ravi, Arvind Swamy, Nayanthara 
Released Date : 2015
Duration :  2h 40min 


အညွှန်း
ဇာတ်ကားလေးကအက်ရှင်ကားတစ်ကားဖြစ်ပြီးရဲတစ်ယောက်ရဲ့လှုပ်ရှားပုံတွေကိုဖော်ညွန်းထားလို့လို့စုံထောက်ကားတွေကြိုက်တဲ့သူတွေအတွတ်ကြည့်သင့်တဲ့ကားလေးပါ။
မီးလ်သရမ်ဆိုတဲ့IPS အရာရှိရဲတစ်ယောက်ဟာရာဇဝတ်မှုတွေကိုသူ့ရဲ့သူငယ်ချင်းရဲအရာရှိတွေနဲ့အတူတူလျို့ဝှက်ဖော်ထုတ်ပေးနေတာပါ။တစ်ရက်မှာအမှုတစ်ခုကိုလိုက်ရင်းနဲ့မထင်မှတ်ဘဲသူလျို့ဝှက်စုံစမ်းထားတဲ့
အမှုတွေနဲ့ဆက်စပ်တဲ့ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းကိုသိရှိသွားပါတယ်။အဲ့ဂိုဏ်းကိုချူပ်ကိုင်နေတဲ့သူတွေဟာလည်းနှယ်နှယ်ရရလူတွေမဟုတ်ဘဲစီးပွားရေးလုပ်ငန်းရှင်တွေအစိုးရဌာနအကြီးအကဲတွေကိုယ်တိုင်ဖြစ်နေပါတယ်။
အဲ့ဂိုဏ်းရဲ့ခေါင်းဆောင်လို့ယူဆရတဲ့ဆီဒါက်ရှ်ဆိုတဲ့သိပွံပညာရှင်တစ်ယောက်ဟာဆေးဝါးတစ်ခုကိုဖော်ထုတ်နိုင်ခဲ့တဲ့သူ့လက်အောက်ငယ်သားကိုရှင်းပစ်ခဲ့ပြီးအဲ့ဆေးဝါးကိုလက်ဝါးကြီးအုပ်ဖို့ကြံစည်ခဲ့ပါတယ်။ဆီဒါက်ရှ်ဟာအဲ့ဆေးဝါးကိုခလေးငယ်တွေနဲ့စမ်းသပ်ခဲ့ပြီးခလေးငယ်တွေသေဆုံးမှုတွေလည်းဖြစ်လာပါတယ်။မီးလ်သရမ်ကလည်းနောက်ဆုံးသူလိုက်ခဲ့တဲ့အမှုနဲ့ဆက်စပ်ပြီးအဲ့ခလေးငယ်တွေသေဆုံးမှုရဲ့နောက်ကွယ်မှာရှိနေတဲ့ဆီဒါက်ရှ်ကိုဖမ်းဆီးဖို့ကြိုးစားလာပါတယ်။ဆီဒါက်ရှ်ရဲ့နောက်မှာလည်းဝန်ကြီးတွေပါတီခေါင်းဆောင်တွေရှိနေတဲ့အတွတ်သူ့အနေနဲ့ဘယ်လိုဖမ်းဆီးနိုင်မှာလဲ။ဒါမှမဟုတ်ဆီဒါက်ရှ်ကဘဲ မီးလ်သရမ်ဆိုတဲ့IPSအရာရှိကိုဒုက္ခရောက်အောင်ပေးနိုင်မလားဆိုတာဇာတ်လမ်းပြီးတဲ့အထိရင်ခုန်စွာစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်

 

0 comments:

Post a Comment