Riding Faith (2020)

 

Rating : 4.1/10
Country : United State
Genre : Family
Cast : John Schneider, Grace Van Dien, T.C. Stallings
Released Date : 2020
Duration : 1h 21min

အညွှန်း
RIDING FAITH / Hope Ranch ဆိုတဲ့ ဇာတ်ကားလေးထဲမှာတော့ မြို့ပြကြီးကနေ ကျေးလက်ဒေသကိုပြောင်းရွေ့ကာ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရင်း ပျော်ရွှင်နေတဲ့ မိသားစုလေးတစ်စု ဖခင်ဖြစ်သူ စစ်ပွဲမှာ သေဆုံးသွားပြီးနောက် ဘဝကို ရုန်းကန်ဖြတ်သန်းရပုံတွေကို ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဂရေ့စ်ဟာ ဖခင်ဖြစ်သူသေဆုံးသွားပြီးနောက် ဘုရားသခင်ကိုယုံကြည်မှုမရှိတော့ဘဲ ဖခင်အမွေပေးခဲ့တဲ့ မြင်းလေး ဖေ့သ်နဲ့သာ အချိန်ကုန်နေသူ ဆယ်ကျော်သက် မိန်းမငယ်လေးတစ်ယောက်ပါ။ ခင်ပွန်းသည်ရဲ့ မွေးမြူရေးလုပ်ငန်းကို နိုင်နင်းစွာမလုပ်နိုင်တဲ့ ရေဗက္ကာဟာ ယောကျ်ားသေဆုံးပြီးနောက် ဘဏ်မှာ မွေးမြူရေးခြံကိုပေါင်ပြီး စားဝတ်နေရေးကို ဖြေရှင်းခဲ့ရပါတယ်။ သူတို့မိသားစုလေး ထာဝရအတူနေမယ်လို့ ရည်ရွယ်ထားတဲ့ အိမ်နဲ့ မွေးမြူရေးခြံလေး ဘဏ်အပေါင်ဆုံးတော့မယ့် အချိန်မှာတော့ ရေဗက္ကာဟာ သူတို့ပိုင်ဆိုင်သမျှ ပစ္စည်းတွေအပါအဝင် ဂရေ့စ်ရဲ့ မြင်းလေး ဖေ့သ်ကိုပါ ရောင်းချဖို့ စဉ်းစားရပါတော့တယ်။ ဖေ့သ်ကို အဆုံးအရှုံးမခံနိုင်တဲ့ ဂရေ့စ်တစ်ယောက် သူမယုံကြည်တော့တဲ့ ဘုရားသခင်ဆီမှာ မျှော်လင့်ချက်ကို ပြန်ရှာမလား ခင်ပွန်းသည်ရဲ့ အိမ်ရော စီးပွားရေးလုပ်ငန်းကိုရော ဆုံးရှုံးရတော့မယ့် ရေဗက္ကာရဲ့ဆုတောင်းတွေကိုရော ဘုရားသခင်ဖြည့်ဆည်းပေးမှာလား သူတို့သားအမိကြားက မျှော်လင့်ခြင်းနဲ့ယုံကြည်ခြင်းတိုက်ပွဲတွေကရော ဘယ်လိုအဆုံးသတ်သွားမလဲ စတာတွေကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမယ့်အပြင် သာယာတဲ့ ကျေးလက်ဒေသရဲ့ အေးချမ်းတဲ့မြင်ကွင်းလေးတွေနဲ့ ဂရေ့စ်နဲ့ သူ့ကိုကူညီဖို့အမြဲရှိတဲ့ ကောင်လေး ခရစ်ကြားက သံယောဇဉ်ကိုလည်း ရင်ခုန်ဖွယ်ရာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Grace Van Dien; Marisa Brown ;John Schneider ; T.C. Stallings နဲ့ Jimmy Deshler တို့ပဲဖြစ်ပါတယ်။

0 comments:

Post a Comment