Monstrous (2020)

 

Rating : 3.1/10
Country : United State
Genre : Drama, Fantasy 
Cast : Anna Shields, Rachel Finninger, Grant Schumacher
Released Date : 2020
Duration : 1h 26min

အညွှန်း
ဇာတ်လမ်းလေးကတော့ နယူးယောခ့်၊ အက်ဒီရွန်ဒက် ဆိုတဲ့မြို့ငယ်လေးမှာ ဘစ်ဖုဒ်ဆိုတဲ့ ဒဏ္ဍာရီလာအကောင်ကြီးနဲ့ ပက်သက်ပြီး ယုံတမ်းစကားတွေအများကြီးရှိသလို လူပျောက်မှုတွေလည်းအဲ့မြို့မှာအများကြီးဖြစ်နေခဲ့ပါတယ်။ တစ်နေ့မှာ ဆဲလ်ဗီယာဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ သူငယ်ချင်းဖြစ်သူဟာ အဲ့မြို့ကိုသွားရင်းပျောက်ဆုံးသွားတဲ့နောက် ဆဲလ်တစ်ယောက် အဲလက်စ်ဆိုတဲ့ ကောင်မလေးနဲ့ အဲ့မြို့ကိုသွားပြီး ပဟေဠိဆန်ဆန်ပျောက်ဆုံးသွားတဲ့ သူ့သူငယ်ချင်းကိုသွားရှာဖို့ ဖြစ်လာပါတော့တယ်၊ ဒါပေမဲ့ ဆဲလ်တစ်ယောက်သိလိုက်ရတာက တောထဲမှာရှိနေတဲ့ monsterဟာ သူထင်ထားတာထက်ပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့အရာဖြစ်နေမှန်းသိလိုက်ရတဲ့အခါ သူမဆီမှာ ဘာတွေဆက်ဖြစ်လာမှာလဲ ???

ဒီကားလေးကလေ အကောင်ကြီးပါလို့ ဆိုပြီး ထွက်ပြေးအော်ဟစ်နေတဲ့ sceneတွေနဲ့ပြည့်နေတာမျိုးမဟုတ်ဘဲ ဇာတ်ကားတစ်ဝက်လောက်ထိ ဇာတ်ကအငြိမ်ပဲမို့ ဝေဖန်မှုလေးတွေတော့ ရှိပါတယ်။ ကိုယ်လည်းစစကြည့်ချင်းက ဘာကြီးလဲ ဘယ်မှာလဲ monsterပေါ့၊ ဒါပေမဲ့နော် ပျင်းစရာကြီးလားဆိုတော့ လုံးဝမဟုတ်ပါဘူး၊ ကိုယ်ပါ စုံထောက်ကြီးဖြစ်သွားမယ် ဆိုပြီး ခေါင်းစားပြီးကြည့်ရမယ့် Typeမျိုးဖြစ်ပြီး ‘Monstrous’ ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို မထင်ထားတဲ့ပုံစံမျိုးနဲ့ရိုက်ပြထားတဲ့ဇာတ်ကားလေးမို့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ခုအဖြစ် ညွှန်းလိုက်ပါရစေနော်

0 comments:

Post a Comment