Chak De! India (2007)


Rating : 8.2/10
Country : India
Genre :   Drama, Family, Sport 
Cast :   Shah Rukh Khan, Vidya Malvade, Sagarika Ghatge
Released Date : 2007
Duration :  2h 33min 

အညွှန်း
နောက်ထပ်ဇာတ်ကားကောင်းတစ်ကားနဲ့တင်ဆက်ပေးလိုက်ပါတယ်
IMDb Rate 8. 4 ဖြစ်သလို မင်းသား ရှာရွတ်ခန်ရဲ့ ဇာတ်ကား
ကောင်းတစ်ကားပါ

ဇာတ်လမ်းအညွှန်း

ကာဘာရ်ခန် ဟာ အိန္ဒိယအမျိုးသားဟော်ကီအသင်းရဲ့
ခေါင်းဆောင်တစ်ဦးလည်းဖြစ်သလိုနာမည်ကျော်ကစားသမားလည်း
တစ်ဦးလည်းဖြစ်ပါတယ်..ပထမဆုံးမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့ကမ္ဘာ့ ချန်ပီယံ အမျိုးသားဟော်ကီပွဲကိုယှဉ်ပြိုင်နေကြတာပါ..နောက်ဆုံးမိနစ် ပင်နယ်တီမှာကာဘာရ်ခန် တစ်ယောက် လွဲချော်သွားလို့
ရှုံးနိမ့်ခဲ့ပေမယ့် ပွဲပြီးတဲ့အခါ ပါကစ္စတန်ကကစားသမားတစ်ဦးကလာရောက်
နှုတ်ဆက်လို့ရယ်ပြုံးနှုတ်ဆက်မိတာကို သတင်းထောက်တစ်ယောက်ကဓါတ်ပုံအတိအကျရိုက်ပြီး အမျိုးသားသစ္စာဖောက်ခဲ့တာလားဆိုတဲ့ နာမည်ဆိုးနဲ့ဖွပါတော့တယ်..
ဒီလိုနဲ့ ကာဘာရ်ခန် ဟာပြသနာတွေတက် ပြည်သူတွေကလည်း အမျိုးသားသစ္စာဖောက်အနေနဲ့ ၀ိုင်းဝန်းစွပ်စွဲလို့ နေထိုင်ရတဲ့အိမ်ကနေတောင်ပြောင်းပြေးခဲ့ရပြီးနေရာခြားမှာသွားရောက်နေထိုင်ခဲ့ရပါတယ်..ဒီလိုနာမည်ပျက်တွေကြား…
အရှုံးတွေကြားသူ့ဂုဏ်အပြင် အိန္ဒိယ နိုင်ငံရဲ့ ဂုဏ်သိက္ခာ ပြန်တက်အောင်..ဘယ်လိုလုပ်မလဲလူအများထင်ခဲ့တဲ့အမျိုးသားသစ္စာဖောက် ဘဝကနေ ဘယ်လိုမျိုးရုန်းထွက်ကြိုးစားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်

0 comments:

Post a Comment